သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ ဇူလိုင် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် (ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း)အတွက် အမိန့်အမှတ် (၁၄၇/၂၀၂၁)ကို ထုတ်ပြန်ခဲ့ရာ အမိန့်ပါ စာပိုဒ်(၂)တွင် ပါရှိသည့် အကျုံးဝင်သော အမှုအမျိုးအစားများအား (တရားရုံး စစ်ဆေးဆဲ အမှုများ စိစစ်ဆေးရေးအဖွဲ့) ဖွဲ့စည်း၍ စနစ်တကျ အသေးစိတ် ကြီးကြပ်စစ်ဆေးခဲ့ပါသည်။
ဖော်ပြပါစိစစ်ရေးအဖွဲ့၏ စိစစ်မှုအပေါ် အကျုံးဝင်သူများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့နှင့် ဇူလိုင်လ ၂၃ ရက်နေ့များတွင် သက်ဆိုင်ရာအကျဉ်းထောင်များအသီးသီးမှ ပြန်လည်စေ လွှတ်ပေးခဲ့ရာ စေလွှတ်ပေးခဲ့သူအရေအတွက်အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၅၉ ဦး၊ ကချင်ပြည်နယ်မှ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ပေါင်း ၁၄၈ ဦး၊ ကယားပြည်နယ်မှ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း ၃၆ ဦး၊ ကရင်ပြည်နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၁၁ ဦး၊ ချင်းပြည်နယ်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသား ၅၀၀ ဦး၊ အမျိုးသမီး ၅၈ ဦး၊ ပေါင်း ၅၅၈ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၂၇ ဦး၊ ပေါင်း ၂၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား ၃၀၈ ဦး၊ အမျိုးသမီး ၃၃ ဦး၊ ပေါင်း ၃၄၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅ ဦး၊ ပေါင်း ၈၈ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား ၅၂၈ ဦး၊ အမျိုးသမီး ၅၄ ဦး၊ ပေါင်း ၅၈၂ ဦး၊ မွန်ပြည်နယ်မှ အမျိုးသား ၂၅၂ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ၂၇၇ ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၃၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား ၁၅၀၃ ဦး၊ အမျိုးသမီး ၁၄၈ ဦး၊ ပေါင်း ၁၆၅၁ ဦး၊ ရှမ်းပြည်နယ်မှ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ပေါင်း ၁၃၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသား ၁၃၇ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ပေါင်း ၁၆၀ ဦး၊ ပြန်လည်စေလွှတ်ပေးခဲ့သူ စုစုပေါင်းအနေဖြင့် အမျိုးသား ၃၈၇၉ ဦး၊ အမျိုးသမီး ၄၁၈ ဦး၊ ပေါင်း ၄၂၉၇ ဦးဖြစ်ပါသည်။
ပြန်လည်စေလွှတ်ပေးခဲ့သူများအား သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများမှ တွေ့ဆုံ အားပေးမှာကြားခဲ့ပြီး လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များအား သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။