တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နှင့်တပ်ကုန်းမြို့နယ်တို့ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော် နိုဝင်ဘာ ၂၈ 

Saturday, November 28, 2026 - 16:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နှင့်တပ်ကုန်းမြို့နယ်တို့ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော် နိုဝင်ဘာ ၂၈ 

 

ကျောင်းသား၊   ကျောင်းသူ လူငယ်မောင်မယ်များ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများကို သိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ လူငယ်များအားမျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်လာစေပြီး နိုင်ငံချစ်စိတ်နှင့်တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်၊ ကျောင်း သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မ တော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း (ရွာတော်)၊ တပ်ကုန်းမြို့နယ် My Star Crown ကိုယ်ပိုင်အလယ်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမများနှင့်အတူ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊  ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့်   တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်ပုံစံတူများနှင့် စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကြသည်။ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့်မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုကြသည်။  ထို့နောက် ပြတိုက်တာဝန်ရှိသူများကလာရောက်လေ့လာကြသော ကျောင်းသား၊  ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအတွက် မုန့်များကိုပေးဝေကြသည်။ 

ယင်းနောက်  ပြတိုက်တာဝန်ရှိသူများက    ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့်ပြတိုက်အတွင်းရှိ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့်လက်ရုံးတပ်ဖွဲ့များ၏ကဏ္ဍအလိုက်ပြခန်း၊ပြကွက်များပြသထားမှုတို့ကို ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများကခင်းကျင်းပြသထားသည့်ပြခန်းများအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး   ပြခန်းတာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ 

ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ မေးခွန်းများကိုမှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား  ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့်အထူးဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

 ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“သမီးကတော့ ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းက Grade -9 ကျောင်းသူလေး မနန္ဒာလင်းဖြစ်ပါတယ်ရှင့်။ သမီးတို့အခု တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြခန်းအားလုံးကို လေ့လာခဲ့ပြီးပြီဖြစ်ပါတယ်ရှင့်။သမီးတို့အနေနဲ့ အခုလိုလာရောက်ခွင့်ရတဲ့အတွက် နိုင်ငံတော်၊ တပ်မတော်နဲ့ပတ်သက်ပြီးတော့ သမိုင်းကြောင်းတွေ ပိုမိုလေ့လာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် တပ်မတော်(ကြည်း)တစ်ခုတည်းပဲနဲ့   နိုင်ငံတော်ကို ကာကွယ်တည်ဆောက်တာ မဟုတ်ဘဲနဲ့ တပ်မတော်(ရေ)ကလည်း နိုင်ငံ့ပင်လယ်ကို ကာကွယ်စောင့်ရှောက်တာတွေ၊ တပ်မတော်(လေ)ကလည်း နိုင်ငံ့ဝေဟင်ကို  ကာကွယ်စောင့်ရှောက်ပုံတွေကို  သမီးတို့ အများကြီး လေ့လာခဲ့ရတာဖြစ်ပါတယ်ရှင့်။ သမီးတို့ စာတွေ့ထက် လက်တွေ့သင်ယူရတဲ့ခေတ်ကာလမှာ အခုလိုလေ့လာခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့  တပ်မတော်မှ တာဝန်ရှိအရာရှိကြီးများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်ရှင့်”ဟုပြောသည်။

“သမီးကတော့ ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းက Grade -9 ကျောင်းသူလေး မနန္ဒာလင်းဖြစ်ပါတယ်ရှင့်။ သမီးတို့အခု တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြခန်းအားလုံးကို လေ့လာခဲ့ပြီးပြီဖြစ်ပါတယ်ရှင့်။သမီးတို့အနေနဲ့ အခုလိုလာရောက်ခွင့်ရတဲ့အတွက် နိုင်ငံတော်၊ တပ်မတော်နဲ့ပတ်သက်ပြီးတော့ သမိုင်းကြောင်းတွေ ပိုမိုလေ့လာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် တပ်မတော်(ကြည်း)တစ်ခုတည်းပဲနဲ့   နိုင်ငံတော်ကို ကာကွယ်တည်ဆောက်တာ မဟုတ်ဘဲနဲ့ တပ်မတော်(ရေ)ကလည်း နိုင်ငံ့ပင်လယ်ကို ကာကွယ်စောင့်ရှောက်တာတွေ၊ တပ်မတော်(လေ)ကလည်း နိုင်ငံ့ဝေဟင်ကို  ကာကွယ်စောင့်ရှောက်ပုံတွေကို  သမီးတို့ အများကြီး လေ့လာခဲ့ရတာဖြစ်ပါတယ်ရှင့်။ သမီးတို့ စာတွေ့ထက် လက်တွေ့သင်ယူရတဲ့ခေတ်ကာလမှာ အခုလိုလေ့လာခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့  တပ်မတော်မှ တာဝန်ရှိအရာရှိကြီးများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်ရှင့်”ဟုပြောသည်။

“သားကတော့   အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပုဗ္ဗသီရိနေပြည်တော် Grade- 9 ကျောင်းသား မောင်ဟိန်းဝဏ္ဏဘုန်းပြည့်ပဲ  ဖြစ်ပါတယ်ခင်ဗျ။ တပ်မတော် စစ်သမိုင်းပြတိုက် (ကြည်း၊ ရေ၊ လေ) ပြခန်းတွေကို လေ့လာရတဲ့အတွက်ကြောင့်  တပ်မတော်ရဲ့စစ်သမိုင်းပြတိုက် အကြောင်းတွေ၊ ပြီးသွားလို့ရှိရင် တပ်မတော်ရဲ့ရှေးခေတ် မှတ်တိုင်တွေနဲ့  နိုင်ငံတော် တည်ဆောက်ခဲ့ပုံအဆင့်ဆင့်တွေကို စိတ်ဝင်တစားလေ့လာခွင့်ရခဲ့ပါတယ်ခင်ဗျ။ သားအနေနဲ့  တပ်မတော်စစ်သမိုင်းပြတိုက်မှာတပ်မတော်(ကြည်း)ပြခန်းတွေကို ပိုပြီးတော့နှစ်သက်မိပါတယ်။ တပ်မတော်(ကြည်း)ပြခန်းတွေမှာ ရှေးခေတ်ကနေ ယခုခေတ်အထိလက်နက်တွေ၊ အမြောက်တွေ၊ သံချပ်ကာတွေ၊ တင့်ကားတွေကို ပကတိပုံစံအတိုင်းလက်တွေ့လေ့လာခွင့်ရတဲ့အတွက် နှစ်သက်မိပါတယ်ခင်ဗျ”သားအနေနဲ့ နိုင်ငံတစ်နိုင်ငံ ရပ်တည်ဖို့အတွက် နိုင်ငံရဲ့နိုင်ငံရေး၊စီးပွားရေးနဲ့ကာကွယ်ရေးစွမ်းအားတွေဘက်ပေါင်းစုံညီမျှမှ ဟန် ချက် ညီမယ်လို့သားအနေနဲ့ထင်မြင်မိပါတယ်။ ယခုလိုမျိုး  သားတို့ကိုလေ့လာခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးတဲ့နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်မှတာဝန်ရှိသူများနဲ့ စစ်သမိုင်းပြတိုက်မှာလိုက်လံရှင်းလင်းတင်ပြပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ”ဟုပြောသည်။ (၁၀၀)