တုံတာမြို့နယ်ရှိပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ၊စားသောက်ဖွယ်ရာများပေးအပ်

Saturday, November 28, 2026 - 15:30

 

တုံတာမြို့နယ်ရှိပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ၊စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော်  နိုဝင်ဘာ၂၈ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင်တုံတာမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာထွန်းနှင့်တာဝန်ရှိသူများ၊ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ထို့နောက်တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက်  စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ (၁၀၀)