ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/ ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်) ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရ

Friday, July 23, 2021 - 17:00

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် ၂၁၇/ ၂၀၂၁

၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊

ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း

အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၁) ဖြင့် သတ်မှတ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဆက်လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေ အနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာလိုက်သည်။

 

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

စာအမှတ်၊ ၁၁၂ (၁) / ၈ / ကောင်စီ (၂၀၂၁)

ရက်စွဲ၊      ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ         ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (ရုံး/ ဌာနကြီးများအားလုံး)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

ညွှန်ကြားရေးမှူးချုပ်                              မြန်မာနိုင်ငံပြန်တမ်းအပိုင်း(၁)တွင်

     ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန      ထည့်သွင်းကြေညာပေးပါရန်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

                                                                      အမိန့်အရ

 

 

                                                                                                    ခင်လတ်

                                                                                          အမြဲတမ်းအတွင်းဝန်

                                                                                နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး