ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီး စတုတ္ထအကြိမ် မြန်မာ-ရုရှား‌နှစ်နိုင်ငံ ရေကြောင်းလုံခြုံ‌ရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ ၂၀၂၆/ နိုဝင်ဘာ ၂၅ ရက်

Wednesday, November 25, 2026 - 08:00

 

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီး စတုတ္ထအကြိမ် မြန်မာ-ရုရှား‌နှစ်နိုင်ငံ ရေကြောင်းလုံခြုံ‌ရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ

၂၀၂၆/ နိုဝင်ဘာ ၂၅ ရက်

          ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက် စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာနိုင်ငံသို့ စတုတ္ထ အကြိမ် မြန်မာ-ရုရှား‌ရေကြောင်းလုံခြုံ‌ရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှား ရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

          အဆိုပါရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါ လာသော စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov နှင့် အရာရှိ၊ စစ်သည်များ သည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။