၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Tuesday, November 24, 2026 - 07:30

 

၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   နိုဝင်ဘာ  ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ပေါ်သို့ ရောက်ရှိကြရာ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား  မီးရှုးမီးပန်းများပစ်ဖောက်ပူဇော်ကြပြီး နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့က  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြသည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ နှင့် သံတမန်များက ဆီမီးများအတူတကွ ထွန်းညှိပူဇော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီး တို့က သဒ္ဓါဓိပတိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ကြကာ ဘုရားဖူးလာပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။ 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများ သည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကြီးမီးပုံပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများဆောင်ရွက်နေချိန်နှင့် လွှတ်တင်နေချိန် တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများ၊ ယိမ်း အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။ 

၎င်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံတမန်များနှင့်အတူ မီးပုံးပျံငယ်များကို အတူတကွလွှတ်တင်ကြသည်။ 

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တော် ပူဇော်ပြိုင်ပွဲ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် HAPPY TAZAUNGDAING Diplomatic CORPS စာတန်း ရေးထိုးချိတ်ဆွဲထားရှိသည့် စိန်နားပန်မီးပုံးပျံအား  နိုင်ငံတကာသံတမန်များ က မီးပုံပျံအဖွဲ့သားများနှင့်အတူ ဝေဟင်ထက်သို့ လှပစွာဖြင့်ဂုဏ်ပြုလွှတ်တင်ကြ သည်။ 

            ၎င်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ၊ အခမ်းအနားတက်ရောက်လာကြသူများ နှင့် နိုင်ငံတကာသံတမန်များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတကာ သံတမန်များက ယဉ်ကျေးမှုအဖွဲ့များနှင့် အတူတကွ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတို့က ညမီးကြီး (ညမီးကျည်)၊ စိန်နားပန် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ တို့တွင် စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆုများနှင့်  အဖွဲ့လိုက်စည်းကမ်း အကောင်း ဆုံးဆု၊ စက္ခုပသာဒ အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်သင်္ကန်းအား ကြည်ညိုဖွယ် ရာဖြစ်အောင် ဖန်တီးမှုအကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက် ဝတ်စားဆင်ယင် မှုအကောင်းဆုံးဆု၊ မီးပုံပျံအတက် အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှု အကောင်းဆုံးဆု၊ မီးပုံးပျံအတက်စံချိန် အကောင်းဆုံး ဆုများနှင့် အဖွဲ့လိုက်ချုပ်ရိုးချုပ်သား အကောင်းဆုံးဆုရရှိသည့် အသင်းများအားဆု ဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ညမီးကြီး (ညမီးကျည်)၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတို့တွင် မီးပုံးပျံပုံသဏ္ဍန် အလှပ ဆုံးဆုများနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်ရက်လုပ်ထား သော သင်္ကန်းအထည်သား တည်ဆောက်မှုအကောင်းဆုံးဆုရရှိသည့် အသင်းတို့အား လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က မှိုင်းခံစံချိန်အကောင်းဆုံးဆုများ နှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်ရက်ကန်းစင်ကိုင်တွယ် ရက်လုပ်မှုအကောင်းဆုံးဆုရရှိသည့်အသင်းတို့အား လည်းကောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ညမီးကြီး၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့် အသင်းများ အားလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောက ညမီးကြီး(ညမီးကျည်) မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ဒဂုံ ရက်ကန်းစင်တော် အသင်း တို့အား  ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ယင်းနောက် နိုင်ငံတော်သမ္မတက ညမီးကြီး(ညမီးကျည်) မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချင်းပြည်နယ်ကိုယ်စားပြု တောင်ဇလပ် ရက်ကန်းစင်အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများပစ်ဖောက်၍အခမ်းအနားကို အောင်မြင် စွာ ရုပ်သိမ်းခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသူများအား ခင်မင်ရင်းနှီး စွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင်ကျင်းပပြုလုပ်လျက်ရှိသည့် တန်ဆောင်တိုင် မီးထွန်းပွဲ တော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိ ကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း LED မီးများဖြင့် အလှဆင် ပူဇော်ခြင်း၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချ ခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော် ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။