ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာများ ပြုလုပ်
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ( ၃၇ )ကြိမ်မြောက်မိသားစု စုပေါင်းမဟာဘုံ ကထိန်နှင့် ကထိန်လျာသင်္ကန်ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သာကေတမြို့နယ် တိပိဋက လင်္ကာရကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ် နှင့်တာဝန်ရှိသူများ၊ အရာရှိ၊စစ်သည်၊၊ မိသားစုဝင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူ သည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ် ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။ ၎င်းနောက် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကြသည်။
အဆိုပါ တိုင်းစစ်ဌာနချုပ် မိသားစုစုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း (၅၅၇)သိန်းကျော် တန်ဖိုးရှိသော ပဒေသာပင်(၂၃)ခုကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
အလားတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မိသားစုများ၏ စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာန ချုပ်၊ တိုင်းဧချမ်းဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ငူမြို့၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် မရမ်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောသာရ အမှူးပြုသော သံဃာတော် များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက် ကြပါသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော် ဘဒ္ဒန္တ တေဇောသာရ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူး တာဝန်ရှိ သူများက သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တ တေဇောသာရ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ယင်းနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ တိုင်းစစ်ဌာနချုပ် မိသားစုစုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း (၅၅၉)သိန်းကျော် တန်ဖိုးရှိသော ပဒေသာပင် စုစုပေါင်း(၃၂)ပင်အား တောင်ငူမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီး ကျောင်း (၂၉)ကျောင်း သို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ ၁၀၀



