တိုင်းစစ်ဌာနချုပ်အသီးသီး၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်း အနားများ ကျင်းပပြုလုပ်

Monday, November 23, 2026 - 05:45

 

တိုင်းစစ်ဌာနချုပ်အသီးသီး၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်း အနားများ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ-၂၃

 

တိုင်းစစ်ဌာနချုပ်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်း အနားများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာချုပ်၏ (၂၁)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာကို တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏(၅၄)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာကို တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မိသားစုများ၏ (၃၄)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာကို တိုင်းစစ်ဌာနချုပ် ခန်းမ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၃၁)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာကို တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင် ခန်းမ ၌လည်းကောင်း၊  အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၃၆)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာကို တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမ ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော် များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သံဃာတော် များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

၎င်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော် များထံမှ ကထိန်အနုမောဓနာတရားများနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာများတွင် တိုင်းစစ်ဌာနချုပ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကထိန် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင်များဆက်ကပ်လှူဒါန်းကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်း သည့် ငွေကျပ် ၂၆၈ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၁၅ ခုကို လည်းကောင်း၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်း သည့် ငွေကျပ် ၈၁၆ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၂၄ ခုကို လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၆၁၄ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၂၆  ခုကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၆၈၂ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၃၄ ခုကို  လည်းကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ်သိန်း ၆၈၀ ကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၂၇ ခုကို  လည်းကောင်း သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်ပို့ ဆောင် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။