တိုင်းစစ်ဌာနချုပ်အသီးသီး၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်
နေပြည်တော် နိုဝင်ဘာ ၂၂
တိုင်းစစ်ဌာနချုပ်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားများကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်အလှူရှင်များတက်ရောက်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံမှ ကထိန်အနုမောဒနာတရားများနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာများတွင် တိုင်းစစ်ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင်များဆက်ကပ်လှူဒါန်းကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များကလှူဒါန်းသည့် ငွေကျပ်သိန်း ၃၇၀ ကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၁၀ ခုကိုလည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၄၃၂ သိန်းကျော်တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၁၉ ခုကိုလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များကလှူဒါန်းသည့် ငွေကျပ် ၈၀၂ သိန်းကျော်တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၃၈ ခုကို လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များကလှူဒါန်းသည့် ငွေကျပ် ၇၅၈သိန်းကျော်တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၆၂ ခုကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များကလှူဒါန်းသည့် ငွေကျပ် ၇၆၀သိန်းကျော်တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၄၃ ခုကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များကလှူဒါန်းသည့် ငွေကျပ် ၅၃၁သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၂၂ ခုကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အလှူရှင်များကလှူဒါန်းသည့် ငွေကျပ် ၁၆၃၂သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၅၈ ခုကိုလည်းကောင်း သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက် ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)






