ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (ဒုတိယအကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ရန်ကုန် တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ ကျောင်းသူ များအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ရာ ကျောင်းသား/ ကျောင်းသူများမှ အသီးသီးလက်ခံယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
