နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ KNDF ၊ PNLO ၊ DSNDA နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင် ၁၉ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ
နေပြည်တော် နိုဝင်ဘာ ၂၀
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ DPLA အဖွဲ့မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး ၊ KNDF အဖွဲ့မှ အမျိုးသား ၄ ဦး၊ PNLO အဖွဲ့မှ အမျိုးသား ၁ဦး၊ DSNDA အဖွဲ့မှအမျိုးသား ၁ဦး ၊ PDF အဖွဲ့မှအမျိုးသား(၅)ဦး ၊ စုစုပေါင်း (၁၉)ဦးတို့သည်၁ ဦး၊ DSNDA အဖွဲ့မှ အမျိုးသား ၁ ဦးနှင့် PDF အဖွဲ့မှ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းလက်နက်/ခဲယမ်းများ နှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသား၃ ဦး ၊ အမျိုးသမီး ၁ ဦး၊ ပင်းတယ မြို့နယ်မှ အမျိုးသား ၂ ဦး၊ ရွာငံမြို့နယ်မှ အမျိုးသား ၃ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၂ ဦး၊ ဖယ်ခုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၅ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦးတို့က ၎င်းတို့နှင့်အတူပါရှိလာသည့် ပစ္စတို ၂ လက်၊ M-22 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ် မိုင်း ၈ လုံး၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၂၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ပစ္စတို ၂ လက် အတွက် ဆုကြေးငွေကျပ်သိန်း (၄၀)၊ M-22 သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ ၊ လက်ပစ် ဗုံး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်း၊ လက်လုပ်မိုင်း ၈ လုံး အတွက်ဆုကြေးငွေကျပ် ၂၄ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူ ၁၉ ဦးအတွက် ဆုကြေးငွေကျပ်သိန်း ၁၉ သိန်းကျပ်၊ စုစုပေါင်းငွေကျပ် ၁၃၉ သိန်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ၎င်းတို့အား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် DPLA၊KNDF၊ PNLO၊ DSNDA နှင့် PDFအဖွဲ့များမှ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံ နိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး(Counter – Terrorism Operation) များကို ခုခံနိုင်တော့ခြင်း မရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရ သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေ ဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“ကျွန်မကတော့ DPLA အကြမ်း ဖက်အဖွဲ့ကနေ အလင်းဝင်ရောက်ခဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်မအနေ နဲ့ အကြမ်းဖက်အဖွဲ့ကို မဝင်ရောက် ခင်က မိဘများနှင့်အတူ တောင်ယာလုပ်ကိုင် စားသောက်နေစဉ်မှာ အကြမ်းဖက်အဖွဲ့က လူမှုကွန်ရက်ကနေတစ်ဆင့် လူသစ်အဖြစ်ဝင်ရောက်ဖို့ စည်းရုံးခေါ်ဆောင်ခဲ့တာကြောင့် အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးဖြစ်တာကြောင့် တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရတာ မရှိဘဲ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတွေက ရာထူးအလိုက် ခွဲခြားဆက်ဆံတာတွေ ဆဲဆိုတာတွေတော့ရှိပါတယ်။ မိန်းကလေးတစ်ဦးအနေနဲ့ အဖွဲ့ထဲမှာ ဘဝလုံခြုံမှုမရှိပါဘူး။ ခေါင်းဆောင်ပိုင်းများမှာလည်း အာမခံချက်နဲ့ လက်တွေ့လုပ်ဆောင် ချက်တွေမှာတူညီမှုမရှိဘဲ ခွဲခြား ဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့ အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ် ကျဆင်းလာပြီးတော့ အကြမ်းဖက် အဖွဲ့ထဲမှာ ဆက်လက်နေထိုင်လို စိတ်မရှိတော့တဲ့အတွက် ထွက်ပြေး လာခဲ့ပြီး အခုလို အလင်းဝင်ရောက် ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ရောက် ရှိလာတဲ့အချိန်ကျတော့ တပ်မတော်က တာဝန်ရှိသူတွေက သားသမီး တစ်ဦးသဖွယ် နွေးထွေးစွာပြောဆို ဆက်ဆံတယ်။ ကောင်းမွန်စွာထား ပြီး မိသားစုသဖွယ်ဆက်ဆံပေးလို့ ဘဝလုံခြုံမှုရှိပြီးတော့ လွန်စွာ ဝမ်းသာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မို့ ကျွန်မအနေနဲ့ အခုလိုအလင်းဝင် ရောက်ခဲ့တဲ့လမ်းကြောင်းကို ရွေးချယ် မိတာမှန်ကန်တယ်လို့ ထင်မြင်မိပါ တယ်။ တပ်မတော်အနေနဲ့လည်း အလင်းဝင်ရောက်လာမည့် လူငယ် တွေကို နွေးထွေးစွာကြိုဆိုနေ ကြောင်း ပြောကြားလိုပါတယ်ရှင့်” ဟုပြောသည်။
“ကျွန်တော်ကတော့ DPLA အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။ DPLA အကြမ်းဖက်အဖွဲ့မှ သူငယ်ချင်းများမှတစ်ဆင့် လူမှုကွန်ရက်နဲ့ဆက်သွယ်ပြီးတော့မှ အဖွဲ့ထဲကိုဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အဖွဲ့ထဲဝင်ရောက်တဲ့အချိန်မှာ အဖွဲ့ဝင်အချင်းချင်းကြီးနိုင်ငယ်ညှဉ်းအုပ်ချုပ်တာတွေ ရှိတယ်။ ပြီးတော့ အနေအထိုင်အစားအသောက်တွေ ခက်ခဲကြမ်းတမ်းတာအပြင် ဒေသခံတိုင်းရင်း သားတွေကို ညှဉ်းပန်းနှိပ်စက်တာ တွေရှိတဲ့အတွက်ကြောင့် ကျွန်တော့် အနေနဲ့ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အလင်းဝင်ရောက်တဲ့အချိန်မှာ တပ်မတော်မှ တာဝန်ရှိသူတွေက မိသားစုတစ်ဦးသဖွယ် နွေးထွေးစွာဆက်ဆံတဲ့အတွက်ကြောင့်လည်း ကျွန်တော်အနေနဲ့ ဝမ်းသာပီတိဖြစ်မိတယ်။ ကျွန်တော် အခုလို အလင်းဝင်ရောက်လာပြီးတော့ မိသားစုနဲ့အတူ မြို့ရွာ အတွင်းမှာ အေးအေးချမ်းချမ်း နေထိုင်ရသလိုမျိုး အကြမ်းဖက်အဖွဲ့အသီးသီးမှာ ရောက်ရှိနေတဲ့လူငယ်တွေကိုလည်း မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကိုအေးချမ်း စွာ ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်တော် တို့လို အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် ပါတယ်”ဟု ပြောကြားခဲ့ကြောင်းသိရသည်။ (၁၀၀)



