ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် လာရောက်ဂါရဝပြုတွေ့ဆုံ မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်လွှဲပြောင်းရယူထမ်းဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်မောင်ဆွေနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်းစတက်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်းနိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုများကောင်း မွန်သည့်အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု ၊ မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဘင်းမ်စတက်အတွင်းရေး မှူးချုပ်တာဝန်လွှဲပြောင်းရယူထမ်းဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သော နီပေါနိုင်ငံနှင့်ဘူတန်နိုင်ငံတို့၏ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးဒဏ်ကာကွယ်တားဆီးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်သည့်အခြေအနေများ၊ မကြာမီကျရောက်တော့မည် ဘင်းမ်စတက်အဖွဲ့တည်ထောင်မှုနှစ် ၃၀ ပြည့်အခမ်း အနား ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အစိုးရများအချင်းချင်း၊ ပြည်သူများအချင်းချင်း ဆက်ဆံရေးနှင့်ကူးလူးဆက်ဆံမှုများကောင်းမွန်အောင်မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ မြဝတီ

