နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDFအဖွဲ့မှ အဖွဲ့ဝင် ၁၉၅ ဦးတို့  လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ

Wednesday, November 18, 2026 - 13:15

 

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDFအဖွဲ့မှ အဖွဲ့ဝင် ၁၉၅ ဦးတို့  လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ

 

နေပြည်တော်၊ ၂၀၂၆၊ နိုဝင်ဘာ ၁၈

 

          နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိသဖြင့်  PDF အဖွဲ့မှ အမျိုးသား ၁၇၆ ဦးနှင့်အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ  ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင် ရောက်လာခဲ့ကြသည်။

          ထိုသို့ ဉပဒေဘောင်အတွင်းလက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များအား  မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမ၌ ပြုလုပ်ရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူ များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဉပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်း ပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူ ပါရှိလာသည့်  အတူပါရှိလာသော MA -1 အမျိုးအစား သေနတ် (၄) လက်၊ MA -2 အမျိုးအစား သေနတ် (၁) လက်၊ MA -3 အမျိုးအစား သေနတ် (၄) လက်၊ M-4 အမျိုးအစား သေနတ် (၁) လက်၊ M-22 အမျိုးအစား သေနတ် (၁) လက်၊ M-16 အမျိုးအစား သေနတ် (၁) လက်၊  Type 81 အမျိုးအစား သေနတ် (၃)လက်၊  ပစ္စတိုသေနတ် (၂)လက်၊ လက်လုပ်သေနတ် (၂)လက်၊ ကျည်အိမ်မျိုးစုံ(၂၇)ခု၊  ကျည်မျိုးစုံ (၉၃၇) တောင့်၊ ဗုံးသီးနှင့်မိုင်းမျိုးစုံ (၃၅)လုံး၊ ကျည်ကာအင်္ကျီ (၁)ထည်၊ စကားပြောစက်(၃)လုံး၊ စနှိုက်ပါမှန်ပြောင်း (၁) လက်တို့ကို  လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူ သည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၁၅ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၇၅၀ ၊ ပစ္စတို ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၀ ၊ လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေး ငွေကျပ် ၁၀ သိန်း၊ ဗုံးသီးနှင့် မိုင်းမျိုးစုံ ၃၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၀၅ သိန်း၊ ကျည်ကာအိင်္ကျီ ၁ထည်အတွက် ဆုကြေးငွေ ၂သိန်း၊ စကားပြောစက် ၃လုံးအတွက် ဆုကြေးငွေ ၆သိန်း၊ စနိုက်ပါမှန်ပြောင်း ၁လက်အတွက် ဆုကြေးငွေ ၂ သိန်း လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၆၄ဦး အတွက် ဆုကြေးငွေကျပ် ၁၆၄ သိန်း နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ထို့နောက်ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ  လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည့်ခင်းဧည့်ခံသည်။

           အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF  အဖွဲ့ဝင်များ သည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများ ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့ အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံ ပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

          ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

          ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

        သူတို့ရဲ့တပ်ရင်းနေရာမှာ ကျွန်တော်ကိုနေခိုင်းတယ်။ ဒီသင်တန်းမဆင်းခင်မှာ ၂ လ လောက် ကျွန်တော်နေခဲ့ရတယ်။ ဒီနေတဲ့အခါမှာလည်း သူတို့လိုတဲ့ ဝေယျာကိစ္စတွေ လုပ်ခိုင်း တယ်။ သင်တန်းဆင်းနေတဲ့ကာလမှာလည်း သူတို့ကျွန်တော်တို့ကို ရိုက်နှက်ဆက်ဆံတာတွေ လည်းရှိတယ်။ ကျွန်တော်တို့ ဒီအရာတွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အလင်းဝင် ရောက်ဖို့ ဒီဟာတွေဖြစ်ခဲ့တယ်။ အလင်းမဝင်ရောက်ခင်မှာလည်း ပြောတာတစ်ခု လုပ်တာ တစ်ခု လုပ်ရက်မတူတဲ့အတွက်ကြောင့် စိတ်ခံစားချက်တွေ စိတ်ခံစားမှု အရမ်းပြင်းထန်လို့ ဒီ ဘက်ထဲ အလင်းဝင်ရောက်လာခြင်းလည်းဖြစ်တယ်။ အလင်းဝင်ရတဲ့ အခါမှာလည်း နိုင်ငံ တော်က ကျွန်တော်တို့ကို မိခင်အရင်းလို ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ကျွန်တော်တို့ ကိုဖိတ်ခေါ်ပေးတဲ့အတွက် ကျွန်တော်အင်မတန်မှ ဝမ်းသာပါတယ်။

        အဖွဲ့အစည်းထဲကို ရောက်သွားတဲ့အခါမှာ ကိုယ့်ရဲ့တစ်ကိုယ်ရည်စာ အသုံးစရိတ်အ တွက်တောင်မှ အဆင်မပြေပါဘူး။ CDM စလုပ်ဖြစ်ခဲ့တာကတော့ ကျွန်မနဲ့ဌာနတူသူငယ်ချင်း တွေက အရင်လုပ်သွားတာရော ကျွန်မတို့ရဲ့ ဌာနရှေ့မှာ ပြည်သူတွေက ရုံးမတက်နဲ့ရုံးထွက် ပေါ့ ကျွန်မကိုယ်တိုင်ကလည်း ကာကွယ်ဆေးထိုးမည့်အချိန်မှာ နောက်ကနေလိုက်ပြီး ရုံးမ တက်နဲ့ရုံးထွက် အဲ့ဒီလိုမျိုးလိုက်ပြောတဲ့အခါမှာ ရှက်တာရော ပြည်သူတွေရဲ့ ငြိုငြင်မှာ ကြောက်တာနဲ့ ကျွန်မ CDM ဝင်ဖြစ်သွားတာပါ။ တကယ်အခက်အခဲကြုံတဲ့အခါမှာလည်း ကျွန်မတို့ပြည်သူတွေက ဘယ်သူမှလည်းမကူညီပါဘူး။ ကိုယ်ဒုက္ခကိုယ်ပဲခါးစီးရင်ဆိုင်ရတာ ပါ။ အများကြီးသင်ခန်းစာရပါတယ်။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ဆိုတာမလွယ်ပါဘူး။ မိဘတွေဘက်ကထားခဲ့ရတဲ့ ပညာရေးအခြေခံလည်း ကုန်ကျစရိတ်တွေရော လူစွမ်းအားအ ရင်းမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းကိုခဲရင်းလွန်းပါတယ်။ ဝန်ထမ်းတစ်‌ယောက်ဖြစ် လာဖို့မလွယ်ပါဘူး။ အများကြီးနစ်နာပါတယ်။ နှစ်နှစ်အတွင်းမှာတော့ ဘာခံစားခွင့်မှမရခဲ့ ပါဘူး။ နိုင်ငံတော်နဲ့တပ်မတော်ရဲ့စေတနာကို များစွာကျေးဇူးတင်မိပါတယ်။ နောင်ဟိုဘက် မှာ ကျန်ခဲ့တဲ့ ဘဝတူ CDM ဝန်ထမ်းတွေအားလုံးလည်း ကျွန်မလိုပဲ ပြန်လာချင်တယ် ဆိုရင် ဒီမှာအားလုံးအဆင်ပြေပါတယ်။ အားလုံးပြန်လာခဲ့ဖို့လည် ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မအနေ နဲ့တကယ်ကိုလှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ရှိကြောင်းနှင့် CDM ဝန်ထမ်းအားလုံးကိုယ်စား ရော PDF လူငယ်လေးတွေရဲ့ကိုယ်စားရော ၊ မိဘတွေရဲ့ကိုယ်စားရော အားလုံးအတွက် တကယ်ကိုကျေးဇူးများစွာတင်ရှိပါတယ်။ ကျွန်မကိုပြန်လည်တာဝန်ထမ်း ဆောင်ခွင့်ပေးမယ် ဆိုရင် ကျွန်မနိုင်ငံတော်ရဲ့စေတနာကို ပြန်ပြီးတော့ တပ်မတော်ရဲ့စေတနာကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပြန်ထမ်းဆောင်ပေးချင်ပါတယ်။