ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th  ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက် နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၇ ရက်

Tuesday, November 17, 2026 - 13:00

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th  ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၇ ရက်

 

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (27th  ASEAN Chiefs of Army Multilateral Meeting- 27th ACAMM)နှင့် (၁၄)ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များ နှစ်ပတ် လည်အစည်းအဝေး (14th ASEAN Sergeant Majors Annual Meeting) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ Double Tree Hotel ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်၍ (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်း အဝေး (27th  ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) အား ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ နှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးတွင် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီး တန် စရီ အက်ဇ်ဟန် ဘင် ဟာဂျီ မိုဟာမက် အိုသမန် (Tan Sri Azhan bin Hj Md Othman)က အဖွင့်မိန့်ခွန်းပြောကြားပြီး  (၂၇)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ယခုနှစ်အတွက် အစည်းအဝေးခေါင်းစဉ်ဖြစ်သည့် “တည်ငြိမ်ပြီး လုံခြုံသောဒေသတစ်ခု ဖြစ်လာစေရေး အာဆီယံကြည်းတပ်များ အကြား အသင့်ရှိမှုကို စုပေါင်းမြှင့်တင်ကြပါစို့ (Fostering Collective Preparedness Among ASEAN Land Forces for a Stable and Secure Region” အပေါ် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။

ထို့နောက် (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ACAMM)၏ ပူးတွဲထုတ်ပြန်ချက်အား အခမ်းအနားမှူးမှကြေညာခဲ့ပြီး တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် (၂၈)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(28th  ACAMM)၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားတပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်အား တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန် စရီ အက်ဇ်ဟန် ဘင် ဟာဂျီ မိုဟာမက် အိုသမန် ( Tan Sri Azhan bin  Hj Md Othman)၊ ဘရူနိုင်း ဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အယ်လ်ဒီ ဘင် ဟာဂျီ ဟတ်ဆန် (Aldi Bin Haji Hassan)၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနဒုတိယအကြီးအကဲဗိုလ်မှူးချုပ်ထောင်းဆာမိုင်းဆွတ်ပဆစ် (Thongsamay Soukpasirth)၊ ဗီယက်နမ်ပြည်သူ့တပ်မတော်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ငွီယန် ဘာလွတ် ( Nguyen Ba Luc) နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မော် ဆိုဖန်း (Mao Sophan) တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ဇနီးတို့သည် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြသည်။ ညစာသုံးဆောင် ပြီးချိန်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။