ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊  ၂၀၂၆ နိုဝင်ဘာ ၁၆

Monday, November 16, 2026 - 12:30

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

နေပြည်တော်၊  ၂၀၂၆ နိုဝင်ဘာ ၁၆

 

             နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၃၀) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

             အဆိုပါ သင်တန်းဖွင့်ပွဲများသို့  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီး များက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက်  တက်ရောက်လာ ကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

             ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ရာ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။                                                                    

             ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

             စစ်ပညာရပ်တွေကို သင်ကြားချင်လို ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃၀ ကို လာရောက်တက်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။ သင်တန်းကာလမှာလည်း သင်တန်းနည်းပြတွေ သင်ကြားပေးတဲ့ စစ်နည်းဗျူဟာတွေကို တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက် သွားမှာပါလို ကျွန်တော်တို ယုံကြည်ပါတယ်။နောင်လာမယ့် ညီအစ်ကိုတွေအတွက်ကတော့ မြန်မာနိုင်ငံသား ပီသစွာနဲ့ မြန်မာနိုင်ငံတော် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်အရ လာရောက်ပြီးတော့ အလှည့်ကျအလေး အနက်ထား တာဝန်ထမ်းဆောင်ပေးပါလို ပြောချင်ပါတယ်ခင်ဗျ။

             ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်တဲ့အပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့နိုင်ငံတော်ကို ကာကွယ်နိုင်ပြီဆိုပြီးတော့ သန္နိဋ္ဌာန်ချမှတ်ပြီးတော့မှ နိုင်ငံရဲ့ မြေထု၊ လေထု၊ ရေထု အားလုံးကို ကာကွယ်ဖိုရာအတွက် မိမိတိုဆီမှာ တာဝန်ရှိလာပြီဆိုတဲ့ အသိစိတ်ကို ရနိုင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းကို တက်ရောက်မယ့် လူငယ်များအတွက်လည်း လာရောက်ဖိုရာအတွက် ဖိတ်ခေါ်ပါတယ်။ ကိုယ့်နိုင်ငံတော်ရဲ့ လေထု၊ မြေထု၊ ရေထုကို ကိုယ်ပဲ ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။