နမ့်စန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်များအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့် အိမ်ထောင်စု (၁၆၈) စုမှ ဒေသခံ တိုင်းရင်းသား ပြည်သူ(၆၉၁) ဦးတို့ကို နမ့်စန်မြို့ရှိ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်းနှင့် စွန္ဒိဂျာမေ့ဗလီကျောင်းတို့၌ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေး လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်း တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် အလှူငွေများ ပေးအပ်သည်။ ထို့ပြင် နမ့်စန်မြို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေရာများ၌ နယ်မြေခံတပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့များကလည်း ရေဘေးသင့် ဒေသခံတိုင်းရင်း သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
