ရေဘေးသင့်ဒေသခံပြည်သူများအား  စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၂

Thursday, November 12, 2026 - 10:45

 

ရေဘေးသင့်ဒေသခံပြည်သူများအား  စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၂

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ရွှေမြို့၊ နန့်ပန်ရပ်ကွက်၊ ဝန်းရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်များအတွင်း  ရေများဝင်ရောက်ကာ ရေကြီးရေလျှံ မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့် အိမ်ထောင်စု (၈၄) စု၊ စုစုပေါင်း ဒေသခံ တိုင်းရင်းသား ပြည်သူ(၂၈၃)ဦးတို့အား ‌ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။

        အဆိုပါ ရေဘေးသင့်ဒေသခံတိုင်းရင်းသားပြည်သူများအား  ယနေ့မွန်းလွဲပိုင်း တွင်  အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊  ထောက်ပံ့ ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

        ဆက်လက်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့ရှိ ရေကြီးရေလျှံ  မှု ဖြစ်ပွားရာ နေရာများသို့ သွားရောက်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက   ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

        ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့များကလည်း ရေဘေးသင့် ဒေသခံတိုင်းရင်း သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။