နေပြည်တော် ဇူလိုင် ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နပ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၃-၇-၂၀၂၁ ရက်နေ့တွင်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ (၆၆) ခုမှ Oxygen Concentrator (၂၆၈၉)ခု၊ Oximeter (၉၁၉၈)ခု၊ Oxygen Regulator (၅)ခု၊ Test Kit (၁၂၃၅၀)ခု၊ KIT, XPRESS, SARS-COV-2,10 TEST (၂၆၄၀)ခု၊ Flow Meter(၁၅၀)ခု၊ Gas Outlet (၁၅၀) ခု၊ Gloves (၁၀၀၀၀)ခု၊ Cannula(၂၀၀)ခု)၊ KN95 Mask (၂၀၀၀)ခု၊ Oxygen Filter (၅၀) ခု၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင်ကုမ္ပဏီ (၄၅) ခုမှ Surgical Mask /Face Mask (၇၃၃၉၇) kg ၊ Liquid Oxygen (၁၅၃၉၅.၅) m3 ၊ Liquid Oxygen (၁၉.၄၄) တန်၊ Oxygen Concentrator (၃၈၇၅.၄၄) ခု တို့အား ထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။