နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိသဖြင့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ဦး စုစုပေါင်း ၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာကြသည်။
ထိုသို့ ဉပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်း သူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခတ်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာခဲ့ကြသူများနှင့် နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက ဥပဒေ ဆိုင်ရာအသိ ပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူ ပါရှိလာသည့် M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၇.၆၂ ကျည် ၂၇၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား M-79 LL ၄၀ မမ ဆုံလည် သေနတ် ၁ လက်အတွက် ငွေကျပ် ၇၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက် အတွက် ငွေကျပ် သိန်း ၁၅၀၊ ၄၀ မမဗုံးသီး ၂၀ လုံးအတွက် ငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ ကျည်ကာအင်္ကျီ ၁ ထည်အတွက် ငွေကျပ် ၂ သိန်း၊ အလင်းဝင်ရောက်လာသူများ ၆ ဦးအတွက် ငွေကျပ် သိန်း၉၀တို့ကို ပေးအပ်ပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံ ကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့်နိုင်ငံ့ ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်း လာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
သင်တန်းကတော့ နှစ်လ တက်ခဲ့ရပါတယ်။ သင်တန်းဆင်း ပြီးနောက် တာဝန်ထမ်းဆောင်တဲ့အခါ ဂိတ်မှာပို့တယ်။ဂိတ်ကနေပြီးတော့ ဒီအပေါ်ကို ပါပါခဲ့တာပါ။ အဖွဲ့စည်းကလည်း ဆက်မပြေဘူး။သူတို့ပြောတာ တစ်မျိုး၊ လုပ်တာ တစ်မျိုး၊ လုပ်ရပ်တွေက မဟုတ်ဘူး။အဲ့ဒါကြောင့် ကျွန်တော် မကြိုက်လို့ ဒီဘက်ကို လာရောက်ပြီးတော့ အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ ဟိုဘက်မှာအခက်ခဲတွေ ကြုံတွေ့တာ ရှိပါတယ်။အခက်ခဲတွေကတော့ ကြမ်းတမ်းတယ်။တစ်ခါတလေ မသွားချင်တဲ့ လမ်းလည်း လွှတ်တယ်။ လွှတ်တဲ့ လမ်းကိုတော့ သွားခဲ့ရပါတယ်။ စိတ်မပါလည်း သွားရတယ်။ကိုယ်က မလုပ်ချင် လည်း လွှတ်တာပဲ။အဲ့ဒါကြောင့်မို့ သူတို့ကိုလည်း မကြိုက်လို့ ဒီဘက်ကို လာရခြင်း ဖြစ်တယ်။သူငယ်ချင်းတွေ အမြင်မှန်ရပြီးတော့ ဒီလိုလေး အလင်းဝင်ပေးဖို့ပေါ့နော်။နောက်ထပ် ပြောချင်တာက ကျွန်တော်တို့ကို ကြည့်ပေါ့ နွေးနွေးထွေးထွေး ကြိုဆိုတဲ့ အကြောင်းကို မှာကြားချင် ပါတယ်။
ပဲခင်းမှာ ပေါင်းနှုတ်နေတုန်း PDF အဖွဲ့အစည်းက လာပြီးတော့ ခေါ်ဆောင်ဖမ်းဆီးသွားပြီးတော့ သင်တန်းတွေ ပေးပြီး တော့ ဒီလို ရှေ့တန်းတွေ ဘာတွေ ပို့ခံရတာပေါ့။ အခက်ခဲတွေကတော့ ရှိပါတယ်။ ဘယ်လိုအခက်ခဲတွေလဲဆိုတော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီမှုတွေ နောက်ပြီးတော့ လူမျိုးရေးခွဲခြားတာတွေပေါ့ အဲ့လိုမျိုးတွေ လည်း ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အထက်က အငယ်ကို နှိပ်စက်တာမျိုးတွေပေါ့ ဒါမျိုးတွေ အများကြီးရှိပါတယ်။
အလင်းဝင်လာတဲ့ အကြောင်းရင်းက သူတို့တွေ အဲ့ဒီလိုနှိပ်စက်တာတွေ လည်း ပါလာတယ်။ နောက်ပြီးတော့ ရိက္ခာပိုင်း ဘာညာတွေလည်း နောက်ဆုံး အဆင်ကမပြေလာတော့ဘူး။ သူတို့ နှိပ်စက်တာတွေ ဘာတွေနဲ့ဆိုတော့ သူတို့နဲ့ သဘောထားခြင်းကလည်း တအားကွဲလွဲတော့ ဒီဘက်ကို အလင်းဝင်လာ ဖြစ်တာ ပေါ့။ ကျွန်တော့်သူငယ်ချင်း နဲ့နှစ်ယောက် လာခဲ့ ပါတယ်။သူက သက်သက် တစ်နေရာ ပေါ့ နော် ။ကျွန်တော်က တစ်နေရာ အတူတူစု ပြီးတော့ တိုင်ပင်ခဲ့ကြတာပေါ့။ သူငယ်ချင်းအတူသွားမလား ဘယ်လို ဘယ်ညာ ပေါ့။ ဒီဘက်မှာကတော့ စိတ်ချမ်းသာ ပါတယ်။ ဂရုတစိုက်လည်း ကြိုဆိုသလိုဝမ်းမြောက်ဝမ်းသာနဲ့ အကုန်လုံးဂရုတစိုက်နေပေးတော့ စိတ်ချမ်းသာ ပါတယ်။ ဝမ်းလည်း သာ ပါ တယ်။
ဟိုဘက်က ပြောတဲ့ မင်းတို့တွေကို အလင်းဝင်ရင် သတ်ပစ်မယ်တွေ၊ ထောင်ချထားမှာတွေ အဲ့လိုတွေ ပြောတာတွေ မယုံကြပါနဲ့ လို့။ နိုင်ငံတော်ကလည်း လူငယ်တွေအတွက် အကုန်လုံး အလုပ်ကစ အကုန်လုံး တာဝန်ယူ ပြီးတော့ လုပ်ဆောင်ပေးနေတဲ့ အချိန်မှာ အလင်းမြန်မြန်ဝင်ဖို့ ပြောချင် ပါ တယ်။




