ကျေးသီးမြို့နယ်၊ နောင်ဝူးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန် လုပ်ကိုင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်‌တော်၊ ၂၀၂၆ နိုဝင်ဘာ ၉ ရက်

Thursday, November 19, 2026 - 10:15

 

ကျေးသီးမြို့နယ်၊ နောင်ဝူးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန် လုပ်ကိုင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်‌တော်၊ ၂၀၂၆ နိုဝင်ဘာ ၉ ရက်

          နိုင်ငံတော်အစိုးရအနေဖြင့်  ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန် သူများအားရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်း များ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင် ရွက်ခဲ့ရာ  ယနေ့မွန်းလွဲ ၂ နာရီ ခန့်တွင် ကျေးသီးမြို့နယ်၊ နောင်ဝူးကျေးရွာ၏ တောင်ဘက်မီတာ ၂၅၀၀ ခန့်အကွာ၌   အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ် နိုင်ငံသား ၁၅ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်  အလျား ၄၀ ပေ အနံ ၂၀ ပေရှိ ယာယီလူနေတဲ ၂ လုံး၊ အလျား ၄၀ ပေ အနံ ၃၀ ပေရှိ ယာယီအလုပ်ရုံ ၁ လုံး၊   ပေ ၂၀ပတ်လည်ရှိ ယာယီစားချက်ဆောင် ၁ လုံး၊ ပေ၃၀ ပတ်လည်ရှိ ရေကန် ၁ ကန်၊  မီးစက် ၁ လုံး၊ Freezer ၁ လုံး၊ပန်ကာရှည် ၂ လုံး၊ Router ၆ လုံး၊ All In One Computer ၂ လုံး၊ StarLink ၂ ခု၊ ဖုန်းမျိုးစုံ ၄၀ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၄၀ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိ သူ များအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်း သုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။