နေပြည်တော်၊ ဇူလိုင် - ၂၂
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို အရှိန် အဟုန်မြင့် ဆောင်ရွက်ရာတွင် ရောဂါရှာဖွေခြင်းသည်လည်း အဓိကအခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ရောဂါပိုး တွေ့ရှိလူနာများအား အချိန်မီ ခွဲခြား ကုသခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသည့်စက်များကို တိုးမြှင့် တပ်ဆင်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော RT-PCR စက်များအား မှာကြား ဝယ်ယူခဲ့သည်။
အဆိုပါ ဝယ်ယူခဲ့သော RT-PCR စက် ၂ လုံးနှင့် Reagent ၊ ဆက်စပ် ပစ္စည်းများသည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ သည်။ ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါရှာဖွေ စစ်ဆေးသော RT-PCR စက် ၂ လုံး၊ Reagent ၊ ဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများက စနစ်တကျ လက်ခံလွှဲပြောင်းရယူပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ထိရောက်မြန်ဆန်စွာ အသုံးပြုဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။