Thursday, July 22, 2021 - 17:00
နေပြည်တော်၊ ဇူလိုင် - ၂၂
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်များ၊
လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများ၌ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက Mask ၂၀၀၀ ခုကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။