မိုင်းနောင်မြို့ရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၉ ရက်

Monday, October 19, 2026 - 02:30

 

မိုင်းနောင်မြို့ရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၉ ရက်

 

               တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ရှိ သက်ကြီးဘိုးဘွားများအား အဆိုပါမြို့ရှိ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရုံးကုသိုလ်ဖြစ်ဆေးခန်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

            ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သက်ကြီးဘိုးဘွား ၁၅၀ ဦး အား သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊  မျက်စိရောဂါ ၊ သွားနှင့်ခံတွင်းရောဂါ ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

               ယင်းသို့ ဆောင်ရွက်နေမှုများကို  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ  သက်ကြီးဘိုးဘွားများအတွက် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းရုံးကုသိုလ်ဖြစ်ဆေးခန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။