ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချဖျက်ဆီး နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာလ ၁၇ ရက်

Saturday, October 17, 2026 - 09:45

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချဖျက်ဆီး

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာလ ၁၇ ရက်

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက် ဖျက်ရေးလုပ်ငန်းစဉ်များကိုအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက် လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိတရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီး ခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ် လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက် အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ် အဆောက် အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီး နိုင်ခဲ့ပြီး ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၈၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ် ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့်  အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ၅ ထပ်အဆောက်အအုံ ၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့် ဖျက်ဆီးရန်ကျန် အဆောက်အအုံ ၅၈ လုံး ကျန်ရှိကာ ၎င်းတို့အားလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံ ရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရန်အတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိ သတင်းရရှိသည်။

 

 

 

(၁၀၀)