၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ
နေပြည်တော်၊ ၂၀၂၆၊ အောက်တိုဘာ - ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်း ဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူး ဖြင့်အောင်မြင်ခဲ့သောစစ်သည်များ ပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များ သည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများအတုယူလေ့လာနိုင်စေရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်း နှင့် တာဝန်ရှိသူ များ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိ သော ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင်သော စစ်သည် ၂ ဦး၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၁ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၃၀ ဦး တို့ပါဝင်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်အထိ လေ့လာရေး ခရီးစဉ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကောင်းကင်ဘုံဗိမာန်ပန်းခြံ၊ လင်ကွမ်း ဘုရားကျောင်း၊ နွေရာသီနန်းတော်၊ မဟာတံတိုင်းကြီး (Great Wall) နှင့် အခြား အထင်ကရ နေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရ သည်။
တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊သမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများ အနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံ များသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ လေ့လာရေးခရီး ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာကြမည့် အုပ်ချုပ်သူများနှင့် မျိုးဆက် သစ်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားမှု များကို ယခုကဲ့သို့ ကြားသိရပါသည်
။
ဂုဏ်ထူး (၅) ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်ရှင့် အမှတ်ပေါင်းကတော့ ၅၃၇ မှတ် ဖြစ်ပါတယ်ရှင့် နှစ်အစကတည်းက စာကိုတစ်စိုက်မတ်မတ်နဲ့ လုပ်ပြီးတော့ပေါ့နော် အမှားအယွင်းမရှိပဲနဲ့ သေသေချာချာစိတ်ကို ဆုံးဖြတ်ချက်ချပြီးတော့မှ ကြိုးစားခဲ့ပါတယ်ရှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်လေ့လာခွင့် ရတဲ့အတွက် ပို့ပေးတဲ့လူကြီးများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေလည်း အများကြီးတိုးတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ် သွားရောက်လေ့လာတဲ့အခါမှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ယဉ်ကျေးမှုအသစ်တွေကိုလည်း အစွမ်းကုန်လေ့လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်ရှင့်
မိတ္ထီလာမြို့ အမှတ် (၂)ပညာရေးကျောင်းကနေပြီးတော့ ပထဝီ၊ သမိုင်း၊ ဘောဂ ဂုဏ်ထူး(၃) ဘာသာနဲ့ အောင်တာပါ ခင်ဗျ ကျောင်းကဆရာဆရာမတွေရဲ့ သွန်သင်မှုတွေလည်း ပါတာပေါ့ ကျောင်းအုပ်ကြီးရဲ့ ပဲ့ကိုင်မှုတွေရော ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့အတွက် ဒီလိုမျိုးအောင်မြင်အောင် ကြိုးစားခဲ့တာပေါ့ကျွန်တော်တို့တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်လေ့လာမှာပါခင်ဗျ ကျွန်တော်တို့စစ်သည်အနေနဲ့ ပြည်ပလေ့လာရေးခရီးထွက်ရတဲ့အတွက် အရမ်းပျော်ပါတယ် အခုလိုကိုယ့်ရဲ့ကြိုးစားမှု ရလဒ်အသီးအပွင့်အနေနဲ့ ခံစားရတာ အရမ်းပျော်ရွှင်ပါတယ် အခုလို ပြည်ပလေ့လာရေးခရီးစဉ် ပို့ပေးတဲ့အတွက် နိုင်ငံတော်ကိုရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုရော အားလုံးကိုကျေးဇူးတင်ပါတယ်(၁၀၀)
