ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ - ၁၆
နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်ခြင်း များအား တားဆီးကာကွယ်ခြင်းနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၁၉)၊ ရပ်ကွက်(၁၂)အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ ညပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက်၊ ဆင်းရွှေလီလမ်းသွယ်(၇)ရှိ နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင် နေသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား ဖုန်းမျိုးစုံ ၆ လုံး၊ Laptop ၃ လုံး၊ 12V Battery ၁ လုံး၊ Solar ၁ ချပ်၊ Wifi စက် ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား မြန်မာငွေ ၂၀၅,၀၀၀ ကျပ်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ သည်။
အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန် အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။(၁၀၀)




