ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ(1st Myanmar-Russia Navy to Navy Talks) ပြုလုပ် နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၆ ရက်

Friday, October 16, 2026 - 17:45

 

ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ(1st Myanmar-Russia Navy to Navy Talks) ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၆ ရက်

 

          ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲ (1st Myanmar-Russia Navy to Navy Talks) သို့ တက်ရောက်ရန်အတွက် ရုရှား ရေတပ်မှ Major General Andrey Nikolaevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ လေ့ကျင့် ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

          အဆိုပါဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းတွင်  ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အ လှန်ပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

          ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ရုရှားရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

 

(၁၀၀)