ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၀

Saturday, October 10, 2026 - 14:15

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၀

 

              ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင်   အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ က တပ်နယ်အားကစားရုံ ၌  သွားရောက် တွေ့ဆုံသည်။

               ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။