တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော် အောက်တိုဘာ ၁၀

Saturday, October 10, 2026 - 14:15

 

‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

‎‌နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၀

 

‎သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေး အတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သား များ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူ များအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

‎         ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ဇမ္ဗူသီရိ)မှ  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်း ပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက်ပြတိုက်တာဝန်ရှိသူများ ကလာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ အား မုန့်များ  ပေးဝေကြသည်။ ယင်းနောက်  ကျောင်းသား၊ ကျောင်း သူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံး တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူ များက ပြန်လည် ဖြေကြားပေးကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ် များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိခဲ့ရပါသည် -

ကျွန်တော့်နာမည်ကတော့ မောင်ထက်ပိုင်စိုး ပါတယ် ခင်ဗျ။ အထက (၅) ဇမ္ဗူသီရိ မြို့နယ်ကတော့ Grade 11 A  မှာ ပညာသင်ကြားနေပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ ဒီစစ်သမိုင်းပြတိုက်ကို လာရောက်တဲ့အခါမှာ ကြည်း၊ ရေ၊ လေ နဲ့ ပတ်သက်ပြီးတော့ ခင်းကျင်းပြသမှုတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနေရာမှာဆိုရင် ကျွန်တော် တို့ တပ်မတော်ကြည်းနဲ့ ပတ်သက်တာသော်လည်းကောင်း၊ ရေနဲ့ပတ်သက်တာသော် လည်းကောင်း၊ လေနဲ့ပတ်သက်တာသော်လည်းကောင်း ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ ကိရိယာတန်ဆာပလာတွေ လက်နက်ပစ္စည်းတွေပြီးရင် အသုံးအဆောင်တွေ လေ့လာခဲ့ရတဲ့ အတွက် ကျောင်းသားတွေအနေနဲ့အကျိုးရှိခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့  ကြည်း၊ ရေ၊ လေ ထဲက ကျွန်တော် အကြိုက်ဆုံးအရာလေးကတော့ ကြည်းတပ်က သံချပ်ကာပြခန်းကို ပိုပြီးတော့ကြိုက်နှစ်သက်ပါတယ်ဗျ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ လေ့လာရေးခရီးကို စီစဉ်ပေးကြတဲ့ အထက်လူကြီးအားလုံးကို ကျေးဇူးတင်ပါတယ်။ လေ့လာရေးခရီးကို ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အကျိုးရှိတယ်လို့ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နောက်နောင်တွေမှာလည်း ဒီလိုမျိုး လေ့လာရေးခရီးတွေ ဆက်လက်လုပ်ပေးမယ်လို့လည်း မျှော်လင့်မိပါတယ်ဗျ။

သမီးကတော့ အထက (၅) ဇမ္ဗူသီရိက Grade 11 A မှာ ပညာသင်ကြားနေတဲ့ မသိမ့်နဒီအောင်ပဲဖြစ်ပါတယ်။ အခုလို စစ်သမိုင်းပြတိုက်ကို ညီအစ်ကို မောင်နှမတွေ အကုန်လုံးနဲ့ လာရတဲ့အတွက်လည်း သမိုင်းကြောင်းတွေကိုလည်း လေ့လာမိပါတယ်။ လေယာဉ်တွေရော အပြင်မှာတွေ့ခဲ့ ရတဲ့အတွက်လည်း လေ့လာမိသားဖြစ်ပါတယ်။ ပုံမှန် ဆိုလို့ရှိရင် သမီးတို့စာတွေမှာ သင်နေကြရသလိုမျိုးမဟုတ်ဘဲနဲ့ အပြင်မှာတွေ့ရတဲ့အတွက် လည်း ဗဟုသုတအများကြီးရရှိပါတယ်။ (၁၀၀)