တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် အောက်တိုဘာ ၉
အနာဂတ်ကာလများတွင် နိုင်ငံ တော်ကို ဦးဆောင်ကြမည့် မျိုးဆက် သစ်လူငယ်လူရွယ်များအနေဖြင့် မိမိ တို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိ ထားခြင်းအားဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်း သား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှု ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း (လယ်သာ)နှင့် အခြေခံပညာအလယ် တန်းကျောင်း (ရွာတော်)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။ဦးစွာ ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများသည် တပ်မ တော်စစ်သမိုင်းပြတိုက်(နေပြည် တော်)သို့ရောက်ရှိကြပြီး ပြင်ပ ပြကွက်များတွင် ခင်းကျင်းပြသထား သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်း များ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များသည် မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ပါဝင်စား စွာ ကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာ ရောက်လေ့လာကြသော ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များအား ပြတိုက်တာဝန်ရှိသူက
ပြတိုက်၏သမိုင်းနှင့် ပြခန်းများ အကြောင်းရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်း သူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံးပြခန်းများကို စိတ်ပါဝင်စား စွာ လှည့်လည်ကြည့်ရှုကြပြီး သိရှိ လိုသည်များကိုမေးမြန်းကြရာ ပြခန်း များအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့ လေ့လာမှတ်သားခဲ့သည့် ဗဟုသုတ များကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန် ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်း သား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထိုကဲ့သို့ လေ့လာရေးလာရောက် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“သမီးနာမည်က ပါရမီဖြိုးဝေ ဖြစ်ပါတယ်ရှင့်။ သမီးတို့က အခြေခံပညာအလယ်တန်းကျောင်း(ရွာတော်)ကနေပြီးတော့ စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာတာပဲဖြစ်ပါတယ်ရှင့်။ စစ်သမိုင်းပြတိုက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေကို လေ့လာခဲ့ပြီးဖြစ်ပါတယ်ရှင့်။ကြည်းတပ်မှာဆိုရင် ဗိုလ်ချုပ် အောင်ဆန်းရဲ့အသုံးအဆောင်တွေ၊ပြီးရင် စစ်လက်နက်တွေ အများအပြားတွေ့ရှိခဲ့ရတယ်။ အဲ့ဒါလည်း သမီးတို့မှတ်စုစာအုပ်တွေထဲမှာ ရေးမှတ်ခဲ့တယ်။ ရေတပ်မှာဆိုရင်လည်း သင်္ဘောတွေ၊ မြန်မာနိုင်ငံရဲ့မြေပုံအကြောင်းတွေကိုလည်းသမီးတို့ လေ့လာခဲ့ပါတယ်။ လေတပ်မှာဆိုရင် သမီးတို့လေယာဉ်တွေအကြောင်းတွေ၊ လေယာဉ်တွေရဲ့ အမျိုးအစားတွေကိုလည်း လေ့လာခဲ့ပြီးဖြစ်ပါတယ်။ သမီး အဲ့လိုမျိုး လာရောက်လေ့လာတဲ့အတွက် မမြင်ဖူးတဲ့အရာတွေ အကုန်လုံးကိုလည်း ဗဟုသုတအနေနဲ့တွေ့ခဲ့ရ ပါတယ်။ ပြီးတော့ သမီးတို့သမိုင်းစာအုပ်ထဲမှာ သင်ခဲ့တဲ့အရာတွေလည်း အပြင်မှာမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ သမီးတို့ကို အခုလိုမျိုး လာရောက်ဖို့အတွက် စီစဉ်ပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး မစီစဉ်ပေးခဲ့ရင်လည်း သမီးတို့ရောက်ဖြစ်မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ဗဟုသုတတွေလည်း မြင်တွေ့ရမှာမဟုတ်ဘူး။ အဲ့ဒီအတွက်လည်း အရမ်းကိုဝမ်းသာပြီးတော့ ကျေးဇူးတင်ပါတယ်”ဟုပြောသည်။
“သမီးရဲ့ နာမည်ကတော့ မချိုချိုဖြိုးစင်ဖြစ်ပါတယ်။ နေပြည်တော် အခြေခံပညာအလယ်တန်းကျောင်း (ရွာတော်)မှပညာသင်ကြားနေတဲ့ Grade-9 ကျောင်းသူလေးပဲဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် သမီးတို့က စစ်သမိုင်းပြတိုက်ကို လာရောက်ပြီးတော့လေ့လာကြတယ်။ စစ်သမိုင်းပြတိုက်မှာဆိုရင် ကြည်းတပ်ရှိမယ်၊ ရေတပ်ရှိမယ်၊ လေတပ်ရှိမယ်။ ကြည်းတပ်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ စစ်သမိုင်းအကြောင်းတွေ၊ ဗိုလ်ချုပ်အောင်ဆန်းတို့အရင်ကအသုံးပြုခဲ့တဲ့ မော်တော်ယာဉ်အကြောင်းတွေ၊ ရေတပ်မှာဆိုရင်လည်း အရင်ကအသုံးပြုခဲ့တဲ့ သင်္ဘောအကြောင်းတွေကို သိရှိလေ့လာခဲ့ရပါတယ်။ ဒီလို စစ်သမိုင်းပြတိုက်ကိုလေ့လာရတဲ့ အကျိုးကျေးဇူးကတော့ မသိသေးတဲ့အကြောင်းအရာတွေကိုသိရတယ်။ ဒီနိုင်ငံကို ဘယ်လို လွတ်လပ်ရေးရအောင် လုပ်ခဲ့တာလဲဆိုတာ အကုန်လုံးကိုလည်း သိခဲ့ရတယ်။ သမီးတို့ကို ဒီလို စစ်သမိုင်းပြတိုက်ကိုလာရောက်လေ့လာဖို့ နိုင်ငံတော်ကနေ စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်”ဟုပြောသည်။(၁၀၀)


