တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၁၄)ခု၊ ငွေ(၁၉)ခု၊ ကြေး(၉)ခုဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းမှ စုပေါင်းတံခွန်စိုက်ဒိုင်းရရှိ နေပြည်တော် အောက်တိုဘာ ၉

Tuesday, October 13, 2026 - 11:00

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၁၄)ခု၊ ငွေ(၁၉)ခု၊ ကြေး(၉)ခုဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းမှ စုပေါင်းတံခွန်စိုက်ဒိုင်းရရှိ

 

နေပြည်တော် အောက်တိုဘာ ၉

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ ဂုဏ်ကိုဆောင်နိုင်သည့်     မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ်     တက်လှမ်းနိုင်စေရန်နှင့်မျိုးဆက်သစ် လူငယ်အားကစားသမား ကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစား နည်းများအလိုက်  သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင်ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။ 

၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇေယျာသီရိတပ်မတော်အားကစားကွင်း၌  ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ တပ်ရင်းတပ်ဖွဲ့များ မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ၄ယောက် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ၄ယောက်လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အသင်းလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အသင်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ ၊တတိယနှင့် စံချိန်ချိုးဆု၊အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို ရွှေ (၇)ခု၊ ငွေ(၅)ခု ၊ ကြေး (၃)ခု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကို ရွှေ (၁၂)ခု၊ ငွေ (၆)ခု၊ ကြေး (၆)ခုရရှိသော ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်း တို့အား တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုများအား ချီးမြှင့်ကြပြီး အမျိုးသား/ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်း ဆုကို ရွှေ(၁၄)ခု၊ ငွေ (၁၉)ခု၊ ကြေး (၉)ခု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတိုးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တာဝန်ရှိသူတစ်ဦးက စုပေါင်းတံခွန်စိုက်ဒိုင်း၊ ဆင့်ပွားဒိုင်းနှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ်သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကာကွယ်ရေး ဦးစီးချုပ်ရုံးဝန်းအတွင်းရှိ စံပယ်(၆)အားကစားရုံ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

ဦးစွာ အလွတ်တန်း ၄ ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့ အားပေးကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကိုဆက်လက် ကျင်းပရာ အသက်(၂၅)နှစ်အောက် နှစ်ယောက်တွဲအဖွဲ့လိုက်၊  သုံးယောက်တွဲ အဖွဲ့လိုက်၊ အလွတ်တန်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ/ လေးယောက်တွဲ အဖွဲ့လိုက်၊ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် တံခွန်စိုက်ဒိုင်းရရှိသည့်အသင်းများအား တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊  ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုများပေးအပ်ချီးမြှင် သည်။ ဆက်လက်၍ စွယ်စုံတံခွန်စိုက်ဒိုင်းဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တာဝန်ရှိသူတစ်ဦးက စွယ်စုံတံခွန်စိုက်ဒိုင်း ဆု ချီးမြှင့်ပေးအပ်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အား ကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး ကွာတားအဆင့်ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်း ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တိုအတိုက် (ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက် (ခ)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီးပန်ကြပ်ဆီလပ် အတိုက် အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားနှစ်လက်အတိုက်(က)တန်း အကြိုဗိုလ်လုပွဲ စဉ်များ၊ အမျိုးသား ဓားတစ်လက် အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီး ဓားတစ်လက် အတိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား လေးယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသားငါးယောက် အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။