ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး နေပြည်တော် အောက်တိုဘာ  ၉

Friday, October 9, 2026 - 10:45

 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ  ၉

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား  ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း  ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း   လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက်ရှာဖွေ စစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ   ၆၃   လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ  ၂၅  လုံး၊ ဖောက်ခွဲ၍ဖြိုချ  ဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ် များနှင့်မလွတ်ကင်း၍ လူအင်အား အသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်  အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစား အလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာ ၆ ရက်နေ့မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့   ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ ထပ်အဆောက်အအုံ  ၁  လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ  ယနေ့အထိ ၈၅ ရာခိုင်နှုန်းဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်း၊ ၆ထပ် အဆောက်အအုံ ၁ လုံးကိုလည်း ယမ်းပြင်ယမ်းကပ်ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဖျက်ဆီး ရန်ကျန်ရှိသည့် အဆောက်အအုံ ၆၂  လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ  လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု (ONLINE SCAM) များ   ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ    အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေး ထားနှိမ်နင်းလျက်ရှိကြောင်း သတင်း ရရှိသည်။(၁၀၀)