ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန်ပြောကြားချက်များ မလေးရှားနိုင်ငံဝန်ကြီးချုပ်

Friday, October 9, 2026 - 09:15

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန်ပြောကြားချက်များ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ပြောကြားချက်

 

အဆွေတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့များခင်ဗျာ၊ အခုလိုမျိုး ကျွန်တော်ဖိတ်ကြားတာကို လက်ခံပေးတဲ့အတွက်၊ မလေးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ 

ကျွန်တော့်အနေနဲ့ Issue များစွာကို ဆွေးနွေးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပါ။ ကျွန်တော်တို့ နှစ်နိုင်ငံအကြား ကာလရှည်ကြာ အကောင်းဆုံးဆက်ဆံရေးတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

မကြာသေးမီ ကာလကတော့ ဒီဆက်ဆံရေးအပေါ်မှာ တချို့သောအတားအဆီးတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရမယ့်အချိန်ဖြစ်နေပါပြီ။ 

အာဆီယံရဲ့ Mechanism အတွင်းမှာဆိုရင် ကျွန်တော့်အနေနဲ့နားလည်တာကတော့ အဆွေတော်သမ္မတကြီးနဲ့အဆွေတော်ရဲ့အစိုးရတို့ အများကြီးကြိုးစားအားထုတ်ခဲ့တာကိုလည်း ကျွန်တော်တို့အနေနဲ့သိရှိပါတယ်။ ကျွန်တော်တို့အကြား ဆက်ဆံရေးတွေပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဆွေတော်တို့နိုင်ငံမူဝါဒတွေ ပြောင်းတာတွေကိုလည်း ကျွန်တော့်အနေနဲ့တွေ့ရပါတယ်။ 

အဆွေတော်တို့လို တိုင်းရင်းသားမျိုးစုံရှိပြီးတော့  ရှုပ်ထွေးလှတဲ့ အခြေအနေတွေရင်ဆိုင်နေရတဲ့ နိုင်ငံအနေနဲ့ အဆွေတော်တို့နိုင်ငံ အရေးကိစ္စကို ချဉ်းကပ်တဲ့အခါမှာ ဒီအခြေအနေကို  ကျွန်တော်တို့အနေနဲ့ထည့်သွင်းစဉ်းစားပြီး သိရှိနားလည်ဖို့လိုပါတယ်။ 

ကျွန်တော်တို့ ဒီနေ့ အဆွေတော်နဲ့ဆွေးနွေးခဲ့တာ လုံးဝကို ပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးရှင်းရှင်းဆွေးနွေးခဲ့တာဖြစ်တဲ့အတွက်များစွာ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ ဒီဆက်ဆံရေးတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေကို မြှင့်တင်နိုင်ခဲ့တာဖြစ်ပါ တယ်။ 

ကျွန်တော်တို့ ဖြေရှင်းရမယ့် ကိစ္စကတော့ ကျွန်တော်တို့နှစ်နိုင်ငံကြား trade တို့၊ investment တို့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ food ၊ energy ၊ capacity building အစရှိတဲ့ နယ်ပယ်တွေမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ဖြစ်ပါတယ်။ နှစ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားဖို့လိုပါတယ်။ ၁၄၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာအောင်  စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေအရ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့လိုပါတယ်။ 

အဆွေတော်အနေနဲ့ ပြောတာရှိပါတယ်။ ကျွန်တော့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Hasan မြန်မာနိုင်ငံမှာရှိနေတုန်း သူ့ရဲ့ counterpart မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့အခါမှာ သူတွေ့ဆုံခဲ့ရတဲ့အခြေအနေတွေဟာ အင်မတန်ရလဒ်ကောင်းခဲ့တယ်ဆိုတာပြောပါတယ်။ အဆွေတော်သမ္မတကြီးအနေနဲ့အခုလို ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကိစ္စရပ်တစ်ခုကတော့ လက်ရှိအခြေအနေတွေမှာဖြစ်နေတာက နားလည်မှုလွဲမှားနေတဲ့ကိစ္စ၊ democratic reform တို့၊ domestic issues တို့ဒါတွေကို နားလည်မှုလွဲနေတာဖြစ်ပါတယ်။  အဆွေတော်ကို ဘန်ကောက်မှာတွေ့တဲ့အချိန်တုန်းက မြန်မာနိုင်ငံမှာ ငလျင်အပြီး အဆွေတော်နဲ့ဘန်ကောက်မှာတွေ့ပါတယ်။ အဆွေတော်က မူဝါဒနဲ့ပတ်သက်ပြီး လက်ခံခဲ့တာဖြစ်တယ်။ ဆေးကုသမှုဆိုရင် ဘယ်သူမဆို ခွဲခြားမှုမရှိဘဲ တက်လို့ရတယ်။ ပြီးတော့ violence တွေ ဆက်မဖြစ်ဖို့အတွက် အဆွေတော်တို့မူဝါဒတွေပြောင်းပြီးတော့ ကြိုးစားဆောင်ရွက်နေတာလည်း ကျွန်တော်တွေ့ပါတယ်။ ဒီကိစ္စတွေကို အာဆီယံက ကျွန်တော့်မိတ်ဆွေတွေကိုလည်း ကျွန်တော်ပြောခဲ့တယ်။ ဒါကြောင့်မို့လို့   ဒီလိုမျိုး mechanism ဘယ်လိုအကောင်အထည်ဖော်မလဲ။ ကျွန်တော် အဲဒီတုန်းကပြောခဲ့တာကတော့   အာဆီယံခေါင်းဆောင်တွေကို ဒါခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်ဆိုပြီးပြောခဲ့ပါတယ်။

ဒါကြောင့် ဒုတိယတစ်ခုကတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ဖို့ကိစ္စဖြစ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ ဒီလိုမျိုး အရေ အတွက်အများကြီးနဲ့ဘယ်နိုင်ငံမှ ပြန်လက်ခံချင်တယ်ဆိုတဲ့ ပုံစံမျိုးမရှိခဲ့ဘူးဆိုတာ ကျွန်တော့်အနေနဲ့သိပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ပြန်လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ၁၄၀၀ ကျော်ကို မြန်မာတပ်မတော် ရေယာဉ်သင်္ဘောနဲ့ပြန်ခေါ်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်တမ်းတွေအပေါ်တော့ မူတည်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနှစ်ခုမှာ သတ်မှတ်ထားတဲ့ မှတ်တမ်းတွေအပေါ်မှာတော့ မူတည်ပါတယ်။  ရှိရင်းစွဲ စည်းမျဉ်းစည်းကမ်းတွေအရ၊ သဘောတူညီချက်တွေအရ ကျွန်တော့်ဆီမှာ လူဦးရေ ၃၀၀၀ လောက် ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေကိုလည်း မကြာသေးမီမှာ မြန်မာက ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။ 

အခုလက်ရှိမှာ သူတို့ကရာဇဝတ်မှု ကျူးလွန်ထားတာမရှိဘူး၊ ရှင်းလင်းတယ်ဆိုရင် အဆွေတော်တို့အနေနဲ့ပြန်လည်လက်ခံသွားမယ်ဆိုတာ သိရပါတယ်။ အခုလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ဒီလိုမျိုးဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆွေတော်ရဲ့ အခုခရီးစဉ်ဟာ ကျွန်တော့်အတွက် အင်မတန်အရေးကြီးပါတယ်။ အခြားနိုင်ငံတွေအတွက်၊ ဒေသအတွက်အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုးလက်ခံပြီးတော့ မလေးရှားလာရောက်ပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ 

ပထမဆုံး  ကျွန်တော်တို့ ဘန်ကောက်မှာတွေ့တော့ အဆွေတော်ပြောခဲ့တာ ကျွန်တော်မှတ်မိတယ်။ အဆွေတော်က ပွင့်လင်းတယ်၊  တခြားသူရဲ့အမြင်တွေကို နားထောင်လိုတယ်၊  အဲဒီလို ကျွန်တော်သဘောပေါက်ခဲ့တယ်။ အဲဒီလိုမြင်ပါတယ်။ အခု ခရီးစဉ်ကတော့ ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ကျွန်တော်တို့ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကတိုးမြှင့်သွားမယ်။ မြန်မာက ကျွန်တော်တို့ရဲ့အသိုင်း အဝိုင်းထဲက မိသားစုဖြစ်ပါတယ်။ အထူးသဖြင့်တော့ အာဆီယံဆိုတဲ့နောက်ခံအခြေအနေပါ မိသားစုဖြစ်ပါတယ်။ Bilateral ကတော့ ကျွန်တော်တို့ မြန်မာနဲ့မလေးရှားကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။