ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိပြီး ပြတ်တောက်မှု မရှိစေရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဇူလိုင်- ၁၉
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးစီးကျင်းပသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် အောက်ဆီဂျင်လုံလောက်စွာရရှိပြီး ပြတ်တောက်မှု မရှိစေရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများ၊ အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အောက်ဆီဂျင်ကျွမ်းကျင် သူ နည်းစနစ်ပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ ကော်မတီများမှ တာဝန် ရှိသူများက လုပ်ငန်းများအလိုက် အသီးသီးဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။