မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ နေပြည်တော် အောက်တိုဘာ ၆

Tuesday, October 6, 2026 - 06:00

 

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၆

 

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်စစ်ရေးပြကွင်း၌ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်တက်လွင်ထွန်း၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသောတပ်မတော်သားများအား အလေးပြုခြင်းနှင့်သစ္စာလေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ  ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။ 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် Recreation Center ၌ ကျင်းပရာ ၂၀၂၅-၂၀၂၆ တစ်နှစ်တာကာလအတွင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၊ အကောင်းဆုံးလိုင်းခန်းဆုရရှိကြသောတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။   (၁၀၀)