တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Saturday, July 25, 2020 - 06:30

နေပြည်တော်၊ ဇူလိုင်- ၂၅

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုကူညီပေးရေးနှင့် သဘာ၀ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး (HADR-Humanitarian Assistance and Disaster Relief) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာ တပ်မတော်များနည်းတူ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာမည့် သဘာ၀ဘေးအန္တရာယ်များအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုံ့ပြန်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်လျက်ရှိပြီး သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားသည်နှင့် အမိန့် တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်ဆုံး သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် သဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းစစ်ဌာနချုပ်အဆင့်၊ တပ်မအဆင့်၊ တပ်ရင်း၊တပ်ဖွဲ့အဆင့်အထိ ကော်မတီများ ဖွဲ့စည်းပြီး ထိရောက်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း ဇွန် ၂၂ ရက်မှ ဇူလိုင် ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုအခြေအနေများနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအခြေအနေများ၊ ဇူလိုင် ၁၆ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်၌ တွေ့ဆုံ၍ COVID-19  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍  ဆွေးနွေးခဲ့သည့်အခြေအနေများအား အသေးစိတ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန(၂၂)ခုမှ သတင်းထောက် (၄၂)ဦး လာရောက်တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Error | DSINFO

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 1069430605682f1b91c9d5c6.60400634 ) in lock_release_all() (line 269 of /home/dsinformation/web/dsinformation.org.mm/public_html/includes/lock.inc).