လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့်ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း နေပြည်တော်  အောက်တိုဘာ ၄ 

Sunday, October 4, 2026 - 09:15

 

လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့်ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း

 

နေပြည်တော်  အောက်တိုဘာ ၄ 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း  ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ ခုနှင့်ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့်ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၅ ခုနှင့်ကျေးရွာအချို့တို့တွင်  ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါငဝန်မြစ်ရေသည် အောက်တိုဘာ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ  ၂ ရက်တွင် ကျောင်းကုန်းမြို့နယ် ၌လည်းကောင်း ရေများပြန်လည်ကျဆင်းသွားခဲ့ပြီးဖြစ်သည်။ ထို့ပြင်ငဝန်မြစ်ရေသည် ရေကြည်မြို့နယ်အတွင်း ၁၀ ပေ ၅ လက်မခန့် ၊ ငါးသိုင်းချောင်းမြို့နယ်အတွင်း ၁၀ ပေခန့်၊ ကျုံပျော်မြို့နယ်အတွင်း ၇ ပေ  ၁၀  လက်မခန့်အထိကျဆင်းသွားခဲ့ကြောင်းသိရှိရသည်။