တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် အောက်တိုဘာ ၃
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်၏အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့မှုအခြေအနေများac လေ့လာသိရှိနိုင်စေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်း ထားရှိသည့် တပ်မတော်လက်ရုံး တပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများ သိရှိစေရန်စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာ အလယ် တန်းကျောင်း(ရတနာဒီပ)နှင့်အဝါရောင်မျိုးဆက်သစ်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း (YGW)၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကိုယ်ပိုင်အထက် တန်းကျောင်း (N.E.G)တို့မှကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည် တော်) သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက် ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ်များကို လေ့လာခဲ့ကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ထို့နောက် ခေတ်အဆက်ဆက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများအား လေ့လာကြည့်ရှုကြပြီး မြန်မာ့ တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများ ကလာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မ တော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးကြသည်။ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့ လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန် စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။လေ့လာရေး
လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်း စကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-
“ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်မှာ ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ နိုင်ငံ့အကျိုးကိုသယ်ပိုးခဲ့ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို ကလေးတွေ ပြင်ပဗဟုသုတတွေ ပိုပြီးရအောင် စာတွေ့ရော လက်တွေ့တွေရော လာပြီးတော့ပြသခြင်းဖြစ်ပါတယ်။ ကလေးတွေက ပုံမှန်ဆိုလို့ရှိရင် စာထဲမှာပဲ သင်ကြားရတယ်။ သမိုင်းကြောင်းတွေကို မျက်ဝါးထင်ထင် မမြင်ရဘူးပေါ့။ အခုလိုမျိုးပြင်ပဗဟုသုတအနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့် ပေးတဲ့အတွက်ကြောင့် သမိုင်းကြောင်းနဲ့ပတ်သက်တဲ့အရာတွေကို မျက်ဝါးထင်ထင်လည်းမြင်ရပါတယ်။ စာထဲမှာထက် ပိုပြီးတော့ ကျယ်ပြန့်တဲ့ ဗဟုသုတတွေ အသိအမြင်တွေ ပိုရပါတယ်။ အခုလိုလိုက်ပါ ပို့ဆောင်ပေးတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်ဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေရော ပြီးတော့ဒီပြတိုက်မှာ လိုက်လံပြီးတော့ ရှင်းပြပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
“အခု ကျွန်တော်ကတော့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေကို လေ့လာခဲ့ပြီးပါပြီ။ ရေတပ်မှာဆိုလို့ရှိရင် သင်္ဘောတွေအကြောင်းကို လေ့လာခဲ့တယ်။ လေတပ်မှာဆိုရင် လေယာဉ်တွေအကြောင်းနဲ့၊ ရှေးခေတ်တုန်းကသုံးခဲ့တဲ့ စစ်လေယာဉ်တွေကို လေ့လာခဲ့ပါတယ်။ ကြည်းတပ်မှာဆိုရင်တော့ သေနတ်တွေအကြောင်းနဲ့ ရှေးတုန်းက စစ်ပွဲမှာသုံးခဲ့တဲ့သေနတ်တွေကို လေ့လာခဲ့ပါတယ်။ ကျွန်တော်ကတော့ အခုလေ့လာတဲ့အပိုင်းတွေမှာဆိုရင် လေတပ်ကိုပိုကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကသုံးခဲ့တဲ့ လေတပ်တွေမှာဆိုရင် ဒီလိုမျိုး ဗုံးကြဲတဲ့ပုံစံတွေ အဲ့ဒီလေတပ်မှာသုံးတဲ့ ဗုံးပုံစံတွေကို ကျွန်တော်နှစ်သက်ပါတယ်။ လေယာဉ်တည်ဆောက်ပုံတွေကို လည်း နှစ်သက်ပါတယ်။ ကျွန်တော် အခုလိုလေ့လာရတာ ဗဟုသုတလည်းရသလို သူငယ်ချင်းနဲ့ လေ့လာရတဲ့အတွက် တအားကိုပဲပျော်ရွှင်မိပါတယ်။ အခုလိုလေ့လာလို့ရအောင်လုပ်ပေးတဲ့အတွက် တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ လူကြီးတွေ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” ဟုပြောသည်။ (၁၀၀)


