တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက် နေပြည်တော် အောက်တိုဘာ ၃ 

Saturday, October 3, 2026 - 06:15

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၃ 

 

မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင် ဘာလ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင်  မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင်  ထားဝယ်- မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းပြည်ထောင်စုလမ်းကြီးပေါ်ရှိနေရာအချို့တွင်ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုတ်များပိတ်ဆို့ခြင်းများဖြစ်ပွားခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် ထားဝယ်-လောင်းလုံးလမ်းပေါ်ရှိ  ပြိုကျနေသော မြေကြီးများအားဖယ်ရှားရှင်းလင်းရန်နှင့်လမ်းတစ်လျောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပါဝင်သော ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ စတင်ထွက်ခွာခဲ့ရာ ထားဝယ်-လောင်းလုံးမြို့လမ်းတစ်လျောက်ရှိ လမ်းပေါ်သို့ပြို ကျနေသော မြေကြီးများအား စက်ယန္တယားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများပြုပြင်ပေးခြင်း၊ တံတားများတွင် ပိတ်နေသောအမှိုတ်များအား ရှင်းလင်းပေးခြင်း၊ လမ်းတစ်လျောက်ရှိရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးခြင်းနှင့်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို   အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)