လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း နေပြည်တော် အောက်တိုဘာ ၂ 

Friday, October 2, 2026 - 06:00

 

လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း

 

နေပြည်တော် အောက်တိုဘာ ၂ 

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်  မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့်  ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်း   ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာ မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့်  ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။ အဆိုပါ   ငဝန်မြစ်ရေသည် အောက်တိုဘာလ   ၁    ရက်တွင် လေးမျက်နှာမြို့နယ်၌လည်းကောင်း၊ ယနေ့တွင် ကျောင်းကုန်းမြို့နယ်၌လည်းကောင်း၊ ရေများပြန်လည် ကျဆင်းသွားခဲ့ပြီးဖြစ်သည်။

ထို့ပြင် ငဝန်မြစ်ရေသည် ရေကြည်မြို့နယ် အတွင်း ၈ ပေ ၁၀ လက်မခန့် ၊ ငသိုင်းချောင်းမြို့နယ်အတွင်း ၉ ပေ ၅ လက်မခန့်၊ ကျုံပျော်မြို့နယ်အတွင်း ၆ ပေ ၈ လက်မခန့်နှင့် ကျောင်းကုန်းမြို့နယ် အတွင်း ၆ ပေ ၉ လက်မခန့် အထိကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊   အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။