ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန်အတွက်  Mask များဖြန့် ဝေလှူဒါန်း

Monday, July 19, 2021 - 16:15

 

နေပြည်တော်၊ ဇူလိုင် - ၁၉

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်တို့ရှိ လူစည်ကားရာ ဘုရား စေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား

သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာန ဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၈၀၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။