လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားဖယ်ရှားရှင်းလင်း နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၃၀ ရက်

Thursday, October 1, 2026 - 10:45

 

လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားဖယ်ရှားရှင်းလင်း

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၃၀ ရက်

           ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ရက် ညပိုင်း တွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေ ဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာ မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့ တို့တွင် ရေဝင်ရောက် မှုများ  ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ငဝန်မြစ်ရေသည် ယနေ့တွင် လေးမျက်နှာမြို့နယ်အတွင်း ၇ ပေ ၇ လက်မခန့်၊ ရေကြည်မြို့နယ်အတွင်း ၈ ပေ ၁ လက်မခန့် ၊ ငသိုင်းချောင်းမြို့နယ် အတွင်း ၉ ပေ ၃ လက်မခန့်၊ ကျုံပျော်မြို့နယ်အတွင်း ၆ ပေ ၇ လက်မခန့်နှင့် ကျောင်းကုန်းမြို့နယ်အတွင်း ၆ ပေ ၄ လက်မခန့်အထိကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား စားသောက် ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။