ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၃၀

Thursday, October 1, 2026 - 08:15

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

c

              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့၊ လဲချားမြို့၊ ကာလိမြို့၊ နမ့်စန်မြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။