ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းအသစ် ဆောက်လုပ်မည့် ဗုဒ္ဓဥယျာဉ်ပြတိုက်အဆောက်အဦ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကျင်းပနေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၆ ရက်

Saturday, September 26, 2026 - 10:00

 

ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းအသစ် ဆောက်လုပ်မည့် ဗုဒ္ဓဥယျာဉ်ပြတိုက်အဆောက်အဦ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၆ ရက်

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အသစ် ဆောက်လုပ်မည့် ဗုဒ္ဓဥယျာဉ်ပြတိုက်အဆောက်အဦ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ ဇောတိက ဓဇ၊ သီရိပျံချီ၊ ဖခူးဝါး ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော် အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက် ရောက်ကြသည်။

         ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ထံမှ ကိုးပါးသီလခံယူ ဆောက်တည် ကြပြီး ရတနာအုတ်မြစ်တော်များနှင့် လှူဖွယ်များကို သံဃာတော်များထံ ဆပ်ကပ် လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူ သောပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိပါလ ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး တောင်းပန်လွှာစာတမ်းဖတ်ကြားလျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ မင်္ဂလာချိန်တွင် သံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ အလှူရှင်များက ရတနာအုတ်မြစ်တော်များပင့်ဆောင်ကြသည်။ ထို့နောက် သံဃာ တော်များ ဦးဆောင်၍ ရတနာ အုတ်မြစ်တော်များကို စီသွင်းလှူဒါန်းပူဇော်ကြပြီး ပရိတ်နံ့သာရည်များ ပတ်ဖျန်းကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များက မင်္ဂလာအောင်ဂါထာတို့ကို ရွတ်ပွားချီးမြှင့်တော်မူကြပြီး ဗုဒ္ဓဥယျာဉ်ပြတိုက် အဆောက်အဦ ရတနာ အုတ်မြစ် တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွင်းဖြိုးကြကြောင်း သတင်းရရှိသည်။