တာဝန်သိပြည်သူများနှင့်အတွင်းသတင်းပေးများ၏ပူးပေါင်းမှုဖြင့် တပ်မတော်မှအကြမ်းဖက်သောင်းကျန်းသူများ၏အခြေပြုနေရာအား ထိရောက်စွာချေမှုန်းနိုင်ခဲ့

Saturday, September 26, 2026 - 08:30

တာဝန်သိပြည်သူများနှင့်အတွင်းသတင်းပေးများ၏ပူးပေါင်းမှုဖြင့် တပ်မတော်မှအကြမ်းဖက်သောင်းကျန်းသူများ၏အခြေပြုနေရာအား ထိရောက်စွာချေမှုန်းနိုင်ခဲ့

 

နေပြည်တော် စက်တင်ဘာ ၂၅

 

CRPH၊ NUG အကြမ်းဖက်အုပ်စုများ၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်   ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သည့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ တိုက်ပွဲစဉ်များ၏ နောက်ဆက်တွဲအခြေအနေများကို အခွင့်ကောင်းယူ၍  အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် ၎င်းတို့၏စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက်   နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလုပ်ဆောင်ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ရယူရန်အတွက်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏အကူအညီများရယူပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ရှေ့တန်းတင်အသုံးချကာ မြို့/ရွာများအတွင်း လက်နက်အားကိုးဖြင့်  အနိုင်ကျင့်ဗိုလ် ကျဝင်ရောက်နေထိုင်ပြီး ဒေသခံပြည်သူများအား ညှင်းပန်းနှိပ်စက်ကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည်။ 

PDF အမည်ခံ အဖွဲ့အစည်း အမျိုးမျိုးမှ လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများအနေဖြင့် မြို့၊ ရွာများတွင် အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်စီးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာစေရန်နှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အကြောက်တရားလွှမ်းမိုး စေရန်ရည်ရွယ်လျက် ဌာနဆိုင်ရာ အဆောက်အအုံများ၊ သာသနိက အဆောက် အအုံများ၊ ဆေးရုံ၊ ဆေး ခန်းများ၊ စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသခံ ပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ် များကို အားပေးထောက်ခံခြင်းမရှိ သည့် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ စာသင်ကျောင်းများနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်များပြုလုပ်ခြင်း၊ ဘန်ကာ များဆောက်လုပ် ၍  အကြမ်းဖက်  တိုက်ခိုက်မှုလုပ်ငန်းများ လုပ်ဆောင် ခြင်းများကြောင့် ဒေသခံပြည်သူများ သည် ဘေးဒုက္ခကြီးစွာဖြင့် ၎င်းတို့ ၏ တိုက်တာအိုးအိမ်အဆောက် အအုံများ၊ ဥစ္စာပစ္စည်းများကိုစွန့်ခွာ ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေထိုင်ခဲ့ကြရသည်။အေးချမ်းစွာ လုပ်ကိုင်နေထိုင်လို သည့် ဒေသခံတိုင်းရင်းသားပြည်သူ များနှင့် အချင်းချင်းဗိုလ်ကျနှိပ်စက် မှုကိုခံနေရပြီး အကြမ်းဖက်လုပ်ရပ် များကို မနှစ်မြို့တော့သည့် အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့ဝင်အချို့ အနေဖြင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ၏ တရားဥပဒေမဲ့ကျူးလွန်လျက်ရှိ သော အကြမ်းဖက်လုပ်ရပ်များကို လွန်စွာစက်ဆုပ် ရွံရှာမုန်းတီးလျက် ရှိကြပြီး လက်ခံနိုင်ခြင်းမရှိတော့ သည့်အတွက် အကြမ်းဖက်သမား များ၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ တပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့များထံသို့ တာဝန်သိစိတ်အပြည့်ဖြင့် လာရောက်သတင်း ပေးပို့ခဲ့ကြကြောင်းသိရှိရသည်။ 

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အဆိုပါတာဝန်သိပြည်သူများနှင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ မှ အတွင်းလူအချို့၏ သတင်းပေးပို့ မှုများအား စနစ်တကျစိစစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေထိုင်သည့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်နယ်စပ်ရှိ NUG အကြမ်းဖက်အဖွဲ့များခိုအောင်းရာ ၎င်းတို့၏ အခေါ်အရအထူးတိုင်းစစ်ဌာနချုပ် နေရာအား လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ဝေဟင် တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။တာဝန်သိပြည်သူများ၏သတင်း ပေးပို့မှုအား တပ်မတော်စစ်ကြောင်း များကစနစ်တကျထောက်လှမ်းလေ့လာပြီး ဝေဟင်မှထိရောက်စွာ ချေမှုန်းနိုင်ခဲ့မှုကြောင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ တည်ငြိမ်အေးချမ်းမှုနှင့်ဒေသဖွံ့ဖြိုးမှုများ ပျက်စီးထိခိုက်မှု များစွာဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ ကြသည့် DCS စစ်ပြေး နေဝင်းအောင်မှာ သေဆုံးခဲ့ပြီး DCS စစ်ပြေး တင်လင်းအောင်နှင့် NUG အထူးတိုင်းစစ်ဌာနချုပ်မှ တိုင်းကွပ်ကဲရေးမှူးအဆင့်ရှိသူ အောင်စံရှားတို့ အပါအဝင် NUG အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်အချို့နှင့်အဖွဲ့ဝင်များ ပြင်းထန်စွာဒဏ်ရာရရှိခြင်းများ နှင့်ထိခိုက်သေဆုံးခြင်းများစွာဖြစ်ပွားခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ DCS စစ်ပြေးနှစ်ဦးဖြစ် သည့် နေဝင်းအောင်နှင့် တင်လင်း အောင်တို့သည် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ပြီး အကြမ်းဖက်လက်နက်ကိုင် သောင်း ကျန်းသူအဖွဲ့များထံခိုလှုံ၍ နိုင်ငံ တော်နှင့် တပ်မတော်၏ကျေးဇူးသစ္စာကို အကြိမ်ကြိမ်စော်ကားခဲ့ကာ သစ္စာရှိစွာဖြင့် နိုင်ငံတော်တာဝန် များကို ကျေပွန်စွာထမ်းဆောင် လျက် ရှိသော တပ်မတော်သားများအပေါ် ဆဲရေးတိုင်းထွာခြင်း၊ သစ္စာမဲ့လုပ်ရပ် များအား ယုတ်မာရိုင်းစိုင်းစွာကျူးလွန် ခဲ့သူများဖြစ်သောကြောင့် ယခုကဲ့သို့ သစ္စာစူး၍ဘဝနိဂုံးချုပ်ကြရသူများ ဖြစ်ကြောင်း ပြည်သူလူထုအကြား ပြစ်တင်ရှုံ့ချ ဝေဖန်ပြောဆိုမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။

PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် NUG၊ CRPH တို့၏ သွေးထိုးမြှောက်ပင့်မှု များကို နားယောင်ပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင် နေခြင်းများ သည် အဆိုပါဒေသအတွင်း နေထိုင် လျက်ရှိသော ဒေသခံပြည်သူလူထု ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မှုများတွင် များစွာနောက်ကျစေခြင်း၊ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့် ဘဝတက်လမ်းကို များစွာ ထိခိုက်နစ်နာစေခြင်းတို့ ဖြစ်ပေါ်လျက်ရှိသဖြင့် အေးချမ်းစွာနေခန်းများနှင့်ချိတ်ဆက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏အခြေပြုနေထိုင်မှု၊လှုပ်ရှားသွားလာမှုနှင့်  အကြမ်းဖက် လုပ်ရပ်များ ဥပဒေမဲ့ ထိုင်လုပ်ကိုင်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် နိုင်ငံတော် နှင့် ဒေသအတွက် အမှန်တကယ် အကျိုးပြုလိုပါက  နီးစပ်ရာလုံခြုံရေး စကျူးလွန်မှုစသည့် သတင်းများကို လျှို့ဝှက်စွာပေးပို့ တိုင်ကြားနိုင်ပြီး သတင်းပေးပို့လာသူအား ထိုက်တန်သည့် ဆုကြေးများကို  လျှို့ ဝှက်စွာ ချီးမြှင့်ပေးအပ်လျက်ရှိသည်။ ယခု ဖြစ်စဉ်တွင်တပ်မတော်အနေဖြင့် ဝေဟင်နှင့်မြေပြင်တို့မှ တိကျစွာချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းသည်  အကြမ်း ဖက်မှုများအား မလိုလား သည့် အတွင်းသတင်းပေးများ၏ တိကျသောသတင်းပေးပို့ဆောင်ရွက်နိုင်ခဲ့မှုကြောင့်ဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက် ရေးကို နည်းမျိုးစုံနှောင့် ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ များကို မည်သည့်ဒေသတွင်မျှ အခြေချနေထိုင်၍ အကြမ်းဖက် လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာ ဖြင့် ဥပဒေမဲ့ကျူးလွန်ခြင်းမရှိစေ ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး(Counter Terrorism Operation)ကို တာဝန်သိဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍  လိုအပ်  သလိုဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။(၁၀၀)