(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်
နေပြည်တော် စက်တင်ဘာ ၂၅
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၌ပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၄၁ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သွေးပေါင်ချိန်စစ်ဆေးခြင်းနှင့်လိုအပ်သည့် စစ်ဆေးမှုများခံယူကြပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အင်အားဖြည့်စားသောက်ဖွယ် ရာများ၊ အားဆေးများနှင့်ဂုဏ်ပြု မှတ်တမ်းများပေးအပ်ခဲ့သည်။
အလားတူ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးသည်။ ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)
