နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့်မိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

Saturday, September 26, 2026 - 08:15

နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့်မိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၅

 

တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ် တစိုက်အလေးထားဆောင်ရွက် လျက်ရှိသည်နှင့်အညီ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် နယ်မြေများအား အပြီး တိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများ ဒေသခံတိုင်းရင်းသားပြည်သူ များအနေဖြင့် ဝမ်းသာအားရကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အား ထက်သန်စွာ အားပေး ထောက်ခံ မှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ဝင်များအနေဖြင့်လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အား ထက်သန်စွာ အားပေးထောက်ခံ မှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ဝင်များအနေဖြင့်လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့များထံ လာရောက်သတင်း ပို့ပြီး  ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း  သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်လာသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် (၂၃)ဦးအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေများထောက်ပံ့ပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။ဦးစွာ တိုင်းမှူးက ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လာ သူများအား အသိပညာပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများက ၎င်းတို့နှင့်အတူ ပါရှိ လာသည့် လက်နက်ခဲယမ်းများကို အပ်နှံကြရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံကြပြီး ဆုကြေးငွေနှင့် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့သည်။   ယင်းနောက် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများကိုယ်စား ဥပဒေဘောင်အတွင်း ရောက်လာ သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တိုင်းမှူးနှင့် တာဝန် ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကား  ပြောကြားခဲ့ပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။အဆိုပါ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှ   ကျား(၁)ဦး၊ နတ္တလင်းမြို့မှ ကျား(၁)ဦး၊ သံတောင်ကြီးမြို့မှ ကျား(၂)ဦး၊ ဖြူးမြို့မှ ကျား(၁)ဦး၊ အုတ်ဖိုမြို့မှ ကျား(၄)ဦး၊ မ(၁)ဦး၊ ကျောက်တံခါးမြို့မှ ကျား(၄)ဦး၊ မင်းလှမြို့မှ ကျား(၁)ဦး၊ မ(၁)ဦး၊ ပြည်မြို့မှ ကျား(၁)ဦး၊ အုတ်တွင်းမြို့မှ ကျား(၂)ဦး၊ ရေတာရှည်မြို့မှ ကျား(၄)ဦး၊ စုစုပေါင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ကျား(၂၁)ဦး၊ မ(၂)ဦးတို့အား ၎င်းတို့နှင့်အတူပါရှိလာသော မောင်းပြန် ရိုင်ဖယ် သေနတ်(၅)လက်၊ ပစ္စတို သေနတ်(၁)လက်၊ လက်ပစ်ဗုံး(၅)လုံး၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်း များအတွက် ဆုကြေးငွေအဖြစ် မောင်းပြန်ရိုင်ဖယ်သေနတ်(၁)လက် လျှင် ကျပ်သိန်း(၅၀)နှုန်းဖြင့် (၅)လက်အတွက် ကျပ်သိန်း(၂၅၀)၊ ပစ္စတို သေနတ် တစ်လက်အတွက် ကျပ်သိန်း (၃၀)၊ လက်ပစ်ဗုံးတစ်လုံးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် (၅)လုံးအတွက် (၁၅)သိန်း၊ အလင်းဝင်သူတစ်ဦးလျှင် (၂)သိန်းကျပ်နှုန်းဖြင့် (၂၃)ဦးအတွက် (၄၆)သိန်း စုစုပေါင်းငွေကျပ်(၃၄၁)သိန်းကို  ထောက်ပံ့ချီးမြှင့်ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြား ချက်များအရ ၎င်းတို့သည် အေးချမ်း စွာနေထိုင်လုပ်ကိုင်စားသောက်သူ များဖြစ်ပြီး အကြမ်းဖက်သမားများ အနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက် ပါက မိဘဆွေမျိုးများနှင့်အကျပ်ကိုင် ၍ အတင်းအဓမ္မလူသစ်စုဆောင်း ခြင်းခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း ၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေ ဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရ ကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက် အောက် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်း ခွဲခြားဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter – Terrorism Operation) များ ဆင်နွှဲမှုတွင် အကျအဆုံးများပြား လာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက်လိုခြင်းမရှိ ခြင်း၊ အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက် ပြေးတိမ်းရှောင်နေရခြင်းများဖြစ်ပေါ်လျက်ရှိသဖြင့် စိတ်ဓာတ်များကျဆင်း လာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူ များအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိ နားလည်လာခြင်း၊ မိသားစုများနှင့် အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက် လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့ အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာ ပြီး နီးစပ်ရာတပ်မတော်စခန်းများ မှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီ ပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘ အုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်း များကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ များ၊ နယ်မြေခံတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံ ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများ၏ ရင်တွင်း စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-“အသက်ကတော့ ၁၇ နှစ်ပါ။ အိမ်နဲ့စိတ်ဆိုးပြီးတော့ သူငယ်ချင်းခေါ်လို့ လိုက်သွားခဲ့တာဖြစ်ပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ လူငယ်တစ်ယောက်ကို အခွင့်အရေးမပေးဘဲ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းအောက်မှာပဲ သွားရတာဆိုတော့ ကိုယ်လည်း ကျောင်းတွေဘာတွေ ပြန်တက်ချင်တာနဲ့ အလင်း ဝင်ဖို့    စတင်ဆုံးဖြတ်ခဲ့တာပါ။  ပထမဦးဆုံးတစ်ခါတုန်းက ပြန်မိသွားလို့  ပြန်ထိန်းသိမ်းခံထားခဲ့ရပြီး ဒုတိယတစ်ခါမှာတော့ အခုညကပဲ ဆက်သွယ်ပြီး  ညတွင်းချင်းတန်းပြီးတော့လာခဲ့တာ သူငယ်ချင်းသုံးယောက် တစ်ယောက်တစ်လက်နဲ့ လာရောက်ခဲ့တာဖြစ်ပါတယ်။ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့ သတင်းမှား တွေ  ကြုံဖူးခဲ့ပေမယ့်    အခုတော့ ကောင်းကောင်းမွန်မွန်ပဲ စားသောက်ရပြီး နေရထိုင်ရတာလည်း လက်ဖျားနဲ့တောင်မထိပါဘူး။ ညတွင်းချင်းဆက်သွယ်ပြီး တန်းရောက်လာခဲ့တာ အိမ်ပြန်ရတော့မယ်ဆိုတော့ ညကတောင်အိပ်မပျော်ပါဘူး။ ဒါကြောင့် အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အသက်ကို အလကားသက်သက်အဆုံးရှုံးမခံဘဲ အိမ်မှာမိဘတွေ စောင့်နေကြတာကို သတိရကြပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။ (၁၀၀)