‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၉

Wednesday, September 30, 2026 - 08:15

‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၉

 

‎နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် တပ်မတော်သမိုင်းမှတ်တမ်းများနှင့်အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

‎         ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း( ခွဲ) ရွေးစု မှ  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်း ပြတိုက်(နေပြည်တော်) သို့လာရောက် လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက်  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သား ခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန် ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူ များအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-

 

ကျွန်မတို့ကတော့ တပ်ကုန်းမြို့နယ် အထကခွဲ ရွေးစုကျောင်းက ဒီစစ်သမိုင်းပြတိုက် ကို လေ့လာရေးလာခဲ့တာပါရှင်။ တပ်မတော်စစ်သမိုင်းပြတိုက်ကို ကျွန်မတို့လေ့လာတဲ့ အခါကျတော့ တာဝန်ထမ်းဆောင်ခဲ့တဲ့  ကြည်းတပ်၊ ရေတပ်၊ လေတပ်အကြောင်းတွေ နောက်တစ်ခါ ကျွန်မတို့မသိသေးတဲ့ အချက်အလက်တွေလည်း ကျွန်မတို့ သိခွင့်ရရှိခဲ့တယ် ရှင့်။ ကျွန်မတို့ ဒီကိုလေ့လာရေးလာခဲ့တဲ့အခါမှာ ကျွန်မတို့ကို အစစအရာရာ ဝိုင်းဝန်းကူညီ ပံ့ပိုးကြတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ နောက်တစ်ခါ ဝန်ထမ်းတွေအားလုံး တာဝန်ရှိသူတွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

 

အခု စစ်သမိုင်းပြတိုက်ကို သမီးတို့အနေနဲ့ ကြည်းတပ်ကို လေ့လာပြီးပြီပဲ ဖြစ်ပါတယ်။ ကြည်းတပ်မှာဆိုရင် မြန်မာ့လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းခဲ့တဲ့ ဆောင်ရွက်ချက်တွေရယ် သူတို့ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေရယ် ပြီးတော့ ရှေးစဉ်ဆက်ကနေ အခု သမီးတို့ မြန်မာနိုင်ငံအတွက် ကြိုးပမ်းခဲ့ကြတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သိရှိခဲ့ရတယ်။ သူတို့ရဲ့ အသုံးပြုခဲ့တဲ့ စစ်လက်နက်တွေကိုလည်း တွေ့ရှိခဲ့ရတယ်။ အခုလို စစ်သမိုင်းပြတိုက်ကို လေ့လာဖို့အတွက် ပို့ဆောင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။