PDF အမည်ခံ အကြမ်းဖက်သမားများဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျောင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၂၅
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူငယ်များပေါ်ထွန်းလာမှုကို နှောင့်ယှက်ရန်ရည်ရွယ် ၍ ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား DCS (Disloyalty Civil Servant) ပြုလုပ်ရန်နှင့် ၎င်းတို့အလိုကျ လိုက်ပါဆောင်ရွက်ခြင်းမရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စာ သင်ကျောင်းများအား Drop Bomb ချတိုက်ခိုက် ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ထားဝယ်မြို့ ၊ ဆင်ဆိပ်ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော Grade(7) မှ ကျောင်းသား(၆)ဦးတို့သည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နံနက်ပိုင်းအတန်းတက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းအတန်းချိန်တွင် ပျက်ကွက်လျက်ရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာလမ်းဆုံတွင် PDF အမည်ခံ အကြမ်းသမားများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။
အဆိုပါဖမ်းဆီးခြင်းခံရသည့် ကျောင်းသားများအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား နှစ်ဦးအား စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါကျောင်းသားများ၏ ဖြေကြားချက်အရ ၎င်းတို့ ခြောက်ဦးသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဆိုင်ကယ် ၃ စီးဖြင့် ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာရှိ ရေတံခွန်သို့ သွားရောက်လည်ပတ်ခဲ့စဉ်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်တစ်စီးဖြင့် အဓ္ဓမဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး ပကာရီကျေးရွာအုပ်စု၊ ပခပ်ကျေးရွာအနီးရှိ ဥယျာဉ်ခြံအတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူများအနက် ၎င်းတို့နှစ်ဦးအား စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပကာရီကျေးရွာအဝင်လမ်းတွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးထားသော ကျန်ရှိသည့် ကျောင်းသား ၄ ဦးအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင် ရွက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းတွင် သဗျာကျေးရွာအနီး ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် Grade -12 မှ မောင်နှိုင်းအံ့လူအပါအဝင် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးနှင့် အရပ်သားတစ်ဦးတို့သည် မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်၌ နေ့လယ်စာစားနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အင်အား ၁၅ ဦးခန့်သည် အရပ်ဝတ်များဖြင့်ရောက် ရှိလာပြီး မောင်နှိုင်းအံ့လူနှင့် အရပ်သားတစ်ဦးတို့အား အကြောင်းမဲ့ဖမ်းဆီးပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာဘက်သို့ အတင်းအဓ္ဓမခေါ်ဆောင်သွားခဲ့ ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သောပညာရေးဝန်ထမ်းများ နှင့်အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အ တင်း အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်းများကို ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သများများအား ပြည်သူလူထုအနေဖြင့် လွန်စွာရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းတို့၏လူမဆန်သောလုပ်ရပ်များအား သတင်းရရှိက တာဝန်သိပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာအချိန်မီသတင်းပေးပို့နိုင်ပါရန်အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။(၁၀၀)
