တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကိုစာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့ လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
“နေပြည်တော် တပ်ကုန်းမြို့နယ် အ-ထ-က မကျီးပင်ကျောင်းက ကျောင်းအုပ်ကြီးပါရှင်။ ခရီးထွက်လာရတဲ့အတွက် သူတို့စိတ်တွေ ပေါ့ပါးလန်းဆန်းသွားတယ်။ ပြင်ပလောကနဲ့ သူတို့စာသင်ခန်းနဲ့ ချိတ်ဆက်တယ်။ အဲ့တော့ စူးစမ်းလေ့လာ လိုစိတ်တွေတိုးတက်လာတယ်။ ပေါင်းသင်းဆက်ဆံရေးတွေလည်း ပိုပြီးတော့နိုးကြားလာတယ်။ အခု ဒီစစ်သမိုင်းပြတိုက်မှာပြတဲ့ အသိပညာတွေပြကွက်တွေနဲ့သူတို့ လေ့လာကြည့်ပြီးတဲ့အခါကျမှ သူတို့ကနိုင်ငံရဲ့သမိုင်း ကြောင်းတွေလည်း သိရှိလာတယ်။ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်တွေ နိုးကြားတက်ကြွလာတယ် ။ သားကောင်းသမီးကောင်းလေးတွေဖြစ်လာစေမယ့်အကျိုး ကျေးဇူးတွေရရှိနိုင်ပါတယ်ရှင်။ လေ့လာရေးကိုစီစဉ်ပေးတဲ့ အထက်လူကြီးတွေအားလုံးကိုလည်း ကျောင်းသူ၊ ကျောင်းသားတွေအတွက်ရော ဆရာ၊ ဆရာမတွေအတွက်ရော အကျိုးကျေးဇူးတွေအများကြီးပေးနိုင်တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်”ဟုပြောသည်။
“သမီး စစ်သမိုင်းပြတိုက်ကို လာရောက်ဖြစ်ခဲ့တဲ့အတွက် ဗဟုသုတတွေအများကြီးရရှိတယ်။ အဲ့ဒါကြောင့်မို့လို့သွားဖို့ အတွက် ကျောင်းက ဆရာ၊ ဆရာမတွေကလည်းအများကြီးတိုက်တွန်းတယ်။ ဒါ့အပြင်တာဝန်ရှိလူကြီးတွေကနေပြီးတော့လည်း သမီးတို့ကိုအဘက်ဘက်ကနေပြီးတော့ ဖြည့်ဆည်းပေးတဲ့အတွက်ကြောင့်မို့လို့ လာရောက်လေ့လာနိုင်ခြင်းဖြစ်ပါတယ်ရှင်။ သမီး ဒီကိုလာရောက်ပြီး လေ့လာရတဲ့အခါမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် သူတို့ရဲ့အသက်တွေကိုသူတို့ရဲ့အသက်နဲ့ ချွေးတွေကိုဘယ်လိုရင်းခဲ့ရတယ်။ သူတို့ရဲ့ရဲစွမ်းသတ္တိတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်ရှင်”ဟုပြောသည်။ (၁၀၀)



